ရုပ်ရှင်တွေထဲမှာသာသုံးတဲ့ ဈေးနှုန်းမြင့်မျက်နှာဖုံးစွပ်ပြီး ထောင်ကထွက်ပြေးဖို့ကြိုးပမ်းသူ
မူးယစ်မှောင်ခိုမှုနဲ့ ထောင်ဒဏ် ၃၆ နှစ်ကျခံနေရသူတစ်ယောက်ဟာ အဘွားအိုမျက်နှာဖုံး၊ ဆံပင်တုတွေစွပ်ပြီး ထောင်ကထွက်ပြေးဖို့ ကြိုးစားတဲ့အဖြစ်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။
အန်တိုနီယိုဖီးလစ်လို့အမည်ရတဲ့ အသက် ၄၄ နှစ်အရွယ် ဒီလူဟာ ဟောလီးဝုဒ်ဇာတ်ကားတွေမှာသာ ပါဝင်တတ်ပြီး ဈေးနှုန်းမြင့်မားတဲ့ မျက်နှာဖုံးစွပ်ကာ ဘရာဇီးအလယ်ပိုင်းက ထောင်တစ်ခုကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ထောင်စောင့်တွေက အ၀င်မရှိဘဲ ထောင်ထဲကထွက်ဖို့ပြင်နေတဲ့ အဘွားအိုကို မသင်္ကာဖြစ်ပြီး စစ်ဆေးချိန်မှာတော့ သူ့အကြံတွေပျက်သွားခဲ့ပါတယ်။
ထောင်စောင့်တွေက အဘွားအိုက သာမန်မိန်းမတစ်ယောက်ထက် အရပ်ပိုမြင့်နေသလို အ၀င်စာရင်းမှာမပါဝင်တဲ့အတွက် မသင်္ကာဖြစ်ပြီး အမျိုးသမီးထောင်ဝန်ထမ်းတွေနဲ့ စစ်ဆေးရာမှာ အန်တိုနီယိုဖီးလစ်ရဲ့သရုပ်မှန် ပေါ်သွားခဲ့ပါတယ်။
ဒီအကျဉ်းသားက ပေါင် ၈၀၀ ကျော်တန်တဲ့ ရုပ်ရှင်တွေထဲမှာသာ သုံးလေ့ရှိတဲ့ မျက်နှာဖုံးနဲ့ အ၀တ်အစားတွေကို ဘယ်လိုရသလဲဆိုတာတော့ စုံစမ်းစစ်ဆေးနေပါတယ်။
ညီမင်းဟန်(ဆန္ဒကူး)





မှတ်ချက်များ