ရန်ကုန်မြို့တွင်းပြေးဆွဲမည့် အများပိုင်ယာဉ်လိုင်းအချို့ လာမည့်နှစ်ဆန်းပိုင်းတွင် စတင်မည်
ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် မှပြေးဆွဲမည့် BRT(Bus Rapid Transit) ယာဉ်လိုင်းများကို လာမည့် ၂ဝ၁၆ နှစ်ဆန်း ပိုင်းတွင် စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။
''ကားသစ်တွေ မှာထားတာ အ စောဆုံး ဒီဇင်ဘာလကုန်လောက် ရောက် ပါမယ်။ ရောက်ပြီးတာနဲ့ ဇန်နဝါရီလဆန်း လောက်၊ အခုဆောက်နေတဲ့ တံတားတွေ ပြီးတာနဲ့ ပြေးဆွဲဖြစ်မယ်ထင်တယ်'' ဟု အ ဆိုပါကုမ္ပဏီမှ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမောင် အောင်က ပြောသည်။
BRT ယာဉ်လိုင်း၏ ပထမဆုံး ပြေးဆွဲမည့်လမ်းကြောင်းကို နေ့စဉ် ခရီး သည် ငါးသိန်းမှ ခုနစ်သိန်းဝန်းကျင်ခန့်အထိ သွားလာလျက်ရှိသည့် မြို့တွင်း၌ ခရီးသည် သွားလာမှု အများဆုံးဖြစ်သော ပြည်လမ်း နှင့် ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ပြေးဆွဲ သွားမည် ဖြစ်သည်။
အမြန်စနစ် ဖြစ်သည့်အတွက် မှတ်တိုင်အဖြစ် အဓိကလူစည်ကားသော နေရာများတွင်သာ ရပ်တန့်သွားမည်ဖြစ်ကာ ပထမဆုံးလမ်းကြောင်းဖြစ်သည့် ထောက် ကြန့်မှစတင်ပြီး ပြည်လမ်း ရှစ်မိုင်မှ ကမ္ဘာ အေးဘုရားလမ်းအတိုင်း မောင်းနှင်ရာတွင် မှတ်တိုင် ၃၆ ခု သတ်မှတ်ထားကြောင်း သိ ရသည်။
''ပြည်သူလူထုသွားလာမှုကို ချော မွေ့စေချင်သလို လက်ရှိပြေးဆွဲနေတဲ့ ဘတ်စ် ကားပိုင်ရှင်တွေကိုလဲ မထိခိုက်စေချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က အထိအခိုက် အနည်းဆုံး နေရာတွေကိုရွေးတာပါ။ ပြည် လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းက အကျယ် ဆုံး ခြောက်လမ်းရှိတာ ဒီနှစ်လမ်းပဲ။ အနှေး ယာဉ်တွေအနည်းဆုံးကလဲ ဒီလမ်းတွေပဲ။ အကယ်၍ ယာဉ်ကြောတစ်ခုတည်းသာ ပေး သွားရင် တစ်တန်းကြီး သွားနေတာဖြစ်တဲ့အ တွက် စည်းကမ်းထိန်းသိမ်းလို့ အကောင်း ဆုံးကလဲ ဒီနှစ်လမ်းပဲ။ ဒါကြောင့် ဒီလမ်း တွေကို ရွေးတာပါ''ဟု မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုကော်မတီမှ ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
ယာဉ်လိုင်းကို ဒေါ်လာတစ်သိန်း ကျော်မှ နှစ်သိန်းခွဲခန့်အထိ တန်ဖိုးရှိသည့် Higer, Daewoo, King Long, Hyundai, Scania အမျိုးအစား ၂ဝ၁၅-၂ဝ၁၆ မော် ဒယ်ကားသစ်များဖြင့် ပြေးဆွဲသွားမည်ဖြစ် ပြီး အစီးရေ ၆၅ စီးဖြင့် စတင်သွားမည်ဖြစ် ကာ ခရီးသည်များလာပါက စီးရေ ၁ဝဝ အထိ တိုးမြှင့်သွားရန်ရှိသည်ဟု ဆိုသည်။
နံနက် ၆ နာရီခွဲမှ ည ၉ နာရီခွဲ အထိ ပြေးဆွဲသွားမည့် အဆိုပါယာဉ်လိုင်း အတွက် ယာဉ်စီးခကို အများစုတတ်နိုင်သည့် နှုန်းထားဖြင့် သတ်မှတ်သွားမည်ဖြစ်ပြီး ကတ် စနစ်ဖြင့် ပေးချေရမည်ဖြစ်ကြောင်း သိရ သည်။
လက်ရှိရန်ကုန်မြို့တွင်း၌ ယာဉ် လိုင်းပေါင်း ၃၆ဝ ကျော်မှ ယာဉ်အစီးရေ ၇ဝဝဝ ကျော်ဖြင့် ပြေးဆွဲလျက်ရှိပြီး အဆိုပါ ဘတ်စ်ကားများကို အသုံးပြုကာ လူဦးရေ နှစ်သန်းခန့် နေ့စဉ်သွားလာလျက်ရှိသည်။
ပထမဆုံးလမ်းကြောင်း အဆင် ပြေပါက နောက်ပိုင်းတွင် သီလဝါ အထူး စီးပွားရေးဇုန်မှ ဗိုလ်တထောင်လမ်းကြောင်း၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များမှ တစ်ဆင့် ရှစ်မိုင်လမ်းဆုံကိုဖြတ်ကာ အောင် မင်္ဂလာအဝေးပြေးအထိ လမ်းကြောင်းနှင့် ဒဂုံတက္ကသိုလ်မှ ပါရမီအထိ လမ်းကြောင်း စသည့် လမ်းကြောင်းသုံးခုကို ထပ်မံပြေးဆွဲ သွားရန်လည်း အစီအစဉ်ရှိကြောင်း သိရ သည်။
ဇင်မာဝင်းစံ - Yangon Media Group


မှတ်ချက်များ