ခင်ပွန်းကို အဓမ္မပြုကျင့်ဟု စွပ်စွဲခံရတဲ့ ဇနီးသည် တောင်ကိုရီးယားမှာပထမဆုံးဖြစ်ရပ်အဖြစ်သမိုင်းသစ်တွင်


ဆိုးလ်မြို့ကအမျိုးသမီးတစ်ဦးဟာ လင်ယောက်ျားကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး နောက် တောင်ကိုရီးယားသမိုင်းမှာတော့ မိန်းမက ယောက်ျားကို အဓမ္မပြုကျင့်တဲ့ ပထမဦးဆုံးဖြစ်ရပ် အနေနဲ့ မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဆိုးလ်မြို့ဗဟိုတရားရုံးရဲ့ပြောကြားချက်အရ အသက် ၄ဝအရွယ်အမျိုးသမီးဟာ ခင်ပွန်းသည် ကို နေအိမ်အခန်းထဲမှာ သော့ခတ်ထားပြီး သူနဲ့လိင်ဆက်ဆံဖို့ အတင်းအဓမ္မ ဖိအားပေးခဲ့တယ်လို့ သိရ ပါတယ်။ ယခုဖြစ်ရပ်ကို Yonrhap သတင်းအေဂျင်စီက ဖော်ပြခဲ့တာပါ။ စွပ်စွဲချက်တွေအရ အမျိုးသမီး ဟာ ခင်ပွန်းနဲ့ကွာရှင်းပြတ်စဲဖို့ အစီအစဉ်အတွက် ခိုင်လုံတဲ့ သက်သေအထောက်အထားရှိဖို့ ဖန်တီးတဲ့ လုပ်ရပ်လို့ သိရပါတယ်။

တောင်ကိုရီးယားမှာ အိမ်ထောင်ဖက်အချင်းချင်း အဓမ္မပြုကျင့်မှုကို ရာဇဝတ်မှုအဖြစ်လက်ခံခဲ့ တာက ၂ဝ၁၃ခုနှစ်ကမှ ဖြစ်တယ်လို့လည်း သိရပါတယ်။

Yangon Media Group‬

မှတ်ချက်များ