လေယာဉ်မှူးမပါဘဲ ကမ္ဘာတစ်လွှားပျံသန်းပြီး နျူးကလီးယားလက်နက်သုံးနိုင်မယ့် အမေရိကန်စစ်လေယာဉ်သစ်များ


အမေရိကန်လေတပ်ဟာ ဒေါ်လာဘီလျံ ၁၀၀ တန်ဖိုးရှိတဲ့ Long Range Strategic Bombers လေယာဉ်သစ် အစီးရေ ၁၀၀ မှာယူထားပြီး ဒီလေယာဉ်သစ်တွေဟာ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားတွေထဲကလို ခေတ်လွန်နည်းပညာတွေ ပါဝင်လာမယ်လို့ သိရပါတယ်။

ဒီလေယာဉ်ဒီဇိုင်းကို ပင်တဂွန်စစ်ဌာနချုပ်က လျှို့ဝှက်ထားပေမယ့် အချက်အလက်အနည်းငယ် ပေါက်ကြားလာခဲ့ရာမှာ စစ်လေယာဉ်သစ်တွေဟာ အီလက်ထရောနစ်တိုက်ခိုက်ရေးလက်နက်တွေ တပ်ဆင်ထားမှာဖြစ်ပြီး လေယာဉ်မှူးမပါဘဲ ကမ္ဘာတစ်လွှားကို ပျံသန်းနိုင်ပါလိမ့်လို့ ဆိုပါတယ်။

အမည်မပေးရသေးတဲ့ လေယာဉ်သစ်တွေဟာ တစ်စီးကို ဒေါ်လာ ၅၄၆ သန်း ကုန်ကျစရိတ်ရှိပြီး တရုတ်နဲ့ ရုရှားရဲ့ ခေတ်ရှေ့ပြေးတဲ့ ရေဒါတွေကနေ ပုန်းကွယ်နိုင်စွမ်းရှိတဲ့ ပုံရိပ်ဖျောက်နည်းပညာပါဝင်ပါတယ်။

ဒါပေမဲ့ အဲဒီလေယာဉ်မှာ ရန်သူ့စနစ်ကို မွှေနှောက်ပြီး လှုပ်ရှားမှုကို မသိရှိအောင်လုပ်နိုင်မယ့် နည်းပညာတွေလည်း ပါဝင်မှာဖြစ်တယ်လို့ ခန့်မှန်းထားပြီး ၂၀၂၀ ခုနှစ် အလယ်ပိုင်းလောက်မှာ စတင်အသုံးပြုမယ်လို့ သိရပါတယ်။

Super Plane လို့ ကျွမ်းကျင်သူတွေက ကင်ပွန်းတပ်ထားတဲ့ ဒီလေယာဉ်တွေဟာ အမေရိကန်ကနေ ကမ္ဘာတစ်လွှားက ဘယ်နေရာကိုမဆို ပျံသန်းနိုင်ပြီး ဝေဟင်ပေါ်မှာ လောင်စာပြန်ဖြည့်တင်းနိုင်တဲ့အပြင် ရန်သူ့အတွင်းစည်းအထိ ၀င်ရောက်ကာ နျူးကလီးယားလက်နက်တွေနဲ့ ပစ်ခတ်နိုင်စွမ်းရှိလိမ့်မယ်လို့ ဟောကိန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ