ကော်ဖီကနှလုံးကျန်းမာမှုကို ၀ိုင်နီကဲ့သို့ပင်ကောင်းမွန်စေကြောင်းတွေ့ရ


လေ့လာတွေ့ရှိချက်အသစ်တွေအရ သင်မနက်တိုင်းသောက်နေတဲ့ Black Coffee ဟာ ၀ိုင်နီလိုပဲ နှလုံးကျန်းမာမှုကိုကောင်းမွန်စေတယ်လို့ နယူးဟမ့်ရှိုင်းယား ကဓာတုဗေဒပညာရှင်တွေက သူတို့လေ့လာနေတဲ့ ကော်ဖီသုတေသနမှာဖော်ပြခဲ့တာပါ၊

သူတို့က အာရေဗီကကော်ဖီစေ့တွေမှာရှိနေတဲ့ Resveratrol တွေမှာ ၀ိုင်နီလုပ်ရာမှာအသုံးပြုတဲ့ စပျစ်သီးတွေထဲက သဘာဝ Antioxidant တွေတွေ့ရှိခဲ့ရတာပါ၊ သုတေသနပြုမှုကိုဦးဆောင်ပြုလုပ်တဲ့ Glan Miller က သူတို့လေ့လာတဲ့ CoffVee တံဆိပ်ကော်ဖီထုတ်ကုန်တွေကိုလေ့လာရာမှာ အခုလို ကော်ဖီ၇ဲ့နှလုံးအပေါ်အကျိုးပြုမှုကိုတွေ့ရှိခဲ့တာပါ၊

Miller အနေနဲ့ ဦးဆုံး ကော်ဖီစေ့နဲ့ Resveratrol ပေါင်းစပ်မှုကို မီးဖိုခန်းထဲမှာပြုလုပ်ခဲ့ပြီး သုသေသနပြုခဲ့တာပါ၊ သူက CoffVee ကော်ဖီတစ်ခွက်စီမှာ ၀ိုင်နီတစ်ခွက်နဲ့တူညီတဲ့ Antioxidant တွေပါဝင်တယ်လို့ပြောပါတယ်၊

Blue Lion - သစ်ထူးလွင်
Ref : Fox News

မှတ်ချက်များ