OLED display များနှင့်ထုတ်လုပ်ဖို့ လုပ်ဆောင်နေတဲ့ Apple
Apple ဟာ ထိုင်ဝမ်မှာ ဓာတ်ခွဲခန်းတစ်ခု ဖွင့်လှစ်ခဲ့တယ်လို့ Bloomberg သတင်းတစ်ရပ်အရ သိရပါတယ်။ အဲ့ဒီ့ ဓာတ်ခွဲခန်းမှာ အင်ဂျင်နီယာ အယောက် ၅၀ အနည်းဆုံးရှိပြီး iPhone နဲ့ iPad အပါအဝင် Apple ထုတ်ကုန်များအတွက် display နည်းပညာများကို အဆင့်မြှင့်လုပ်ဆောင်နေပါတယ်။
၎င်းဓာတ်ခွဲခန်းမှာ ထိုင်ဝမ် display ကုမ္ပဏီဖြစ်တဲ့ AU Optronics က ဝန်ထမ်းတွေကို ခေါ်ဆောင်ထားပါတယ်။ Qualcomm က ဝန်ထမ်းတွေတောင် ပါပါသေးတယ်။ ပြသမှုမျက်နှာပြင် အသစ်တွေ ဖန်တီးဖို့ပါ။
ပိုပြီး ပါးလွှာတဲ့၊ ပေါ့ပါးတဲ့ မျက်နှာပြင်တွေကို ထုတ်လုပ်နိုင်ဖို့အတွက် Apple က မျှော်မှန်းထားပါတယ်။ OLED display တွေနဲ့ထုတ်လုပ်နိုင်ဖို့ကိုလည်း Apple ကလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Apple ဟာ Samsung, LG နဲ့ Sharp တို့လို ကုမ္ပဏီတွေကနေ အထောက်အပံ့တွေကို လျှော့ချပစ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
Skyler - သစ်ထူးလွင်
Ref: engadget

မှတ်ချက်များ