ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့သည် သေစေနိုင်သည့် အဆိပ်ဓာတ်ငွေ့များ ထုတ်လုပ်ရန် အတွက် လိုအပ်သည့် ပစ္စည်းများကို တူရကီ မှတစ်ဆင့် ရရှိနေကြောင်း တူရကီ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည် ဟု သိရသည်။
အဆိပ်ဓာတ်ငွေ့များ ထုတ်လုပ်ရန် အတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ ထောက်ပံ့နေသည့် လမ်းကြောင်းကို တူရကီ အစိုးရက စုံစမ်းဖော်ထုတ်ရန် ပျက်ကွက်ခဲ့ကြောင်း အတိုက်အခံ ပါတီ ဖြစ်သော ရီပတ်ဘလစ်ကန် ပြည်သူ့ပါတီ (CHP) မှ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် အီရန်အာဒမ် က ၂ဝ၁၃ ခုနှစ် သြဂုတ် ၂၁ ရက်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု အတွင်း ရရှိခဲ့သည့် သက်သေ အထောက်အထား များကို ကိုးကား၍ RT သတင်းဌာနသို့ ပြောကြားသည်။
ဓာတုလက်နက် ပစ္စည်းများသည် တူရကီနိုင်ငံမှ တစ်ဆင့် ရောက်ရှိ လာပြီးနောက် ဆီးရီးယားနိုင်ငံ အတွင်းရှိ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များ၏ စခန်းတွင် တပ်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း အီရန်အာဒမ် က ပြောကြားသည်။
၂ဝ၁၃ ခုနှစ် သြဂုတ် ၂၁ ရက်က ဒမတ်စကပ်မြို့ ဆင်ခြေဖုံးရှိ Chouta ဒေသတွင် ဖြစ်ပွားခဲ့သော ဓာတုလက်နက် အသုံးပြု၍ တိုက်ခိုက်မှု အတွင်း လူရာပေါင်း များစွာ သေဆုံးခဲ့သည်။ ၄င်း တိုက်ခိုက်မှုတွင် ဒုံးကျည်များ အသုံးပြုခဲ့ခြင်း ဖြစ်သော်လည်း ယင်း လက်နက်များ၌ အဆိပ် ဓာတ်ငွေ့များ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
တူရကီအစိုးရ သည် ယင်းဖြစ်ရပ်ကို ဖုံးကွယ် ထားသည်ဟု အာဒမ် က အခိုင်အမာ ပြောကြားခဲ့ပြီး ၄င်းဖြစ်စဉ်နှင့် ပတ်သက်၍ လွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။
Pyi Chit Thar


မှတ်ချက်များ