ဓါတ်ပုံပညာရှင် Alexander Hotz က “ Luk Thep သို့ God Dolls" လို့ခေါ်တဲ့ နတ်ဘုရားရဲ့ ကိုယ်ပွား အရုပ်ကလေးတွေနဲ့ အရုပ်ဖန်တီးသူ Mananya “Mama Ning “ Boonmee တို့ရဲ့ ဓါတ်ပုံတွေကို တင်ထားခဲ့တာဖြစ်ပါတယ်။
ဒီအရုပ်လေးတွေဟာ ထိုင်းနိုင်ငံရဲ့ ရှေးခေတ် ကလေးငယ်လေးတွေရဲ့ ပုံစံလေးတွေကို အခြေခံပြီး ဖန်တီးထားတာဖြစ်ပြီး ကံကောင်းခြင်းတွေ ယူဆောင်လာပေးနိုင်တယ်လို့ ယုံကြည်ကြပါသတဲ့။
ခုချိန်မှာတော့ နာမည်ကျော်ပုဂ္ဂိုလ်တွေ နဲ့ ငွေကြေးချမ်းသာသူတွေဟာ ဒီအရုပ်လေးတွေကို ကံကောင်းခြင်းတွေနဲ့ ငွေကြေးဥစ္စာဓနတွေ တိုးပွားစေတယ်လို့ ယုံကြည်ပြီး အဆောင်အဖြစ် ၀ယ်ယူသိမ်းဆည်းတာတွေ ခေတ်စားနေပါတယ်။
အရုပ်ကလေးတွေကို ဖန်တီးပြုလုပ်သူ Mama Ning ဟာ ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်သူတစ်ဦးဖြစ်ပြီး ကလေးငယ်တွေနဲ့ သက်ဆိုင်တဲ့ ဟိန္ဒူဘာသာရေး နတ်ဘုရားမ Parvati ကိုလည်း သူငယ်စဉ်ကတည်းက ကိုးကွယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ သူဖန်တီးလိုက်တဲ့ ဒီအရုပ်ကလေးတွေဟာ ခုလိုလူကြိုက်များ ခေတ်စားလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူးလို့လည်း ဆိုပါတယ်။
Michelle

မှတ်ချက်များ