Gym တစ်နာရီကစားခြင်းနဲ့ ဝိုင်နီတစ်ခွက်သောက်ခြင်း အာနိသင် တူညီနေ
အားကစားလေ့ကျင့်ခန်းမသွားဖို့ အချိန်မရှိသူတွေအတွက်တော့ သတင်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။
တစ်နေ့ကို ဝိုင်နီတစ်ခွက် သောက်သုံးခြင်းနဲ့ တစ်နာရီလောက်အားကစားလုပ်ခြင်းဟာ အကျိုးအာနိသင် အတူတူပဲ ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
ကနေဒါမှာရှိတဲ့ အယ်လ်ဘာတာတက္ကသိုလ်က သုတေသီတွေရဲ့ လေ့လာချက်အရ ဒီအဖြေထွက်လာခဲ့တာပါ။
ဝိုင်နီမှာပါဝင်တဲ့ ဓာတ်သတ္တိက တိုက်တိုက်ဆိုင်ဆိုင်ပဲ အားကစားခန်းမှာ တစ်နာရီလောက် ကိုယ်ကာယလေ့ကျင့်ပြီး ရလာတဲ့ အကျိုးကျေးဇူးနဲ့ အတူတူဖြစ်နေတာပါ။
ကိုယ်ကာယစွမ်းဆောင်ရည်၊ နှလုံးလည်ပတ်မှုနဲ့ ကြွက်သားသန်မာမှု စတဲ့ နေရာတွေမှာ ဝိုင်နီတစ်ခွက်သောက်တာနဲ့ လေ့ကျင့်ခန်း လုပ်တာ အတူတူဖြစ်နေပါတယ်။
ဒါတင်မကသေးပါဘူး။
တစ်နေ့ကို ဝိုင်နီတစ်ခွက်သောက်သုံးခြင်းဖြင့် ကင်ဆာဖြစ်နိုင်ချေကိုလည်း နည်းပါးစေပြီး ဦးနှောက်ထိခိုက်မှုလည်း ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။
(Duwun)


မှတ်ချက်များ