ဖုန်းဒေတာ အကုန် ဖျက်ပစ်လိုက် နိုင်သည့် အန်းဒရွိုက် ဗိုင်းရပ်စ် ပျံ့နေ


စာသား မက်ဆေ့ဂ်ျဖြင့် လင့်ခ်ပို့သော ဗိုင်းရပ်စ် တစ်မျိုး အန်းဒရွိုက် စနစ်တွင် ပျံ့နေသည်။ ထိုလင့်ခ်ကို နှိပ်လိုက်မိသည်နှင့် ဗိုင်းရပ်စ်ကို အင်တာနက်ကနေ ဒေါင်းလုဒ်လုပ်မိ ပြီးသား ဖြစ်သွားကာ ဖုန်းထဲ ဗိုင်းရပ်စ်ဝင် သွားမည် ဖြစ်သည်။ ထို ဗိုင်းရပ်စ်ကို Mazar ဟု အမည်ပေး ထားသည်။

ဗိုင်းရပ်စ်သည် Administrator rights အလိုလို ရရှိကာ ဖုန်းထဲက ဒေတာ အားလုံးကို ထိန်းချုပ်နိုင် သွားပြီး၊ ဖုန်းထဲ ၀င်လာသော စာသား မက်ဆေ့ဂ်ျ များကို ဖတ်နိုင်၊ ကိုယ့်ဖုန်းကို သုံးကာ ဖုန်းခေါ် နိုင်သည် အထိ လုပ်သွား နိုင်ကြောင်း သိရသည်။ အဆိုးဆုံးကား ဖုန်းထဲက ဒေတာ အားလုံးကိုပါ ဖျက်ပစ်လိုက် နိုင်ခြင်း ဖြစ်သည်။ ဖုန်းစနစ် ဘာသာကို ရုရှားဘာသာသို့ ပြောင်းထားလျှင်မူ ဗိုင်းရပ်စ်သည် ဒုက္ခပေးနိုင်စွမ်း မရှိကြောင်း တွေ့ရရာ ဗိုင်းရပ်စ်သည် ရုရှားက ဖြန့်လိုက်သည်ဟု ယူဆစရာရှိ နေသည်။

တရားဝင် အပလီကေးရှင်း စတိုး မဟုတ်သော ရင်းမြစ်များက ရသည့် အပလီကေးရှင်း များကို ဖုန်းထဲ Install လုပ်ခွင့်ပေးထားသည့် အန်းဒရွိုက်ဖုန်း များတွင်သာ ဒုက္ခပေး နိုင်ကြောင်း သိရသည်။ သို့ဖြစ်ရာ မိမိဖုန်း Settings ထဲဝင်ပြီး Security ထဲတွင် Install Apps from unknown sources တွင် အမှန်ခြစ် ဖြုတ်ထားလိုက်ပါ။ အန်းဒရွိုက် ဗိုင်းရပ်စ် ကာကွယ်ရေး ဆော့ဖ်ဝဲများ ထည့်သွင်း ထားခြင်း၊ မိမိ မသိသော ၀ိုင်ဖိုင်ကွန်ရက် များကို မချိန်ဘဲ ရှောင်ကြဉ်ခြင်း ဖြင့်လည်း Mazar ဗိုင်းရပ်စ်ရန်မှ ကာကွယ် နိုင်မည်ဟု အွန်လိုင်း လုံခြုံရေး ကျွမ်းကျင်သူများ ကဆိုသည်။

Source: Daily Mail
messenger news journal

မှတ်ချက်များ