ငွေကြေးချမ်းသာကြွယ်ဝသူ ဖြစ်ချင်ရင် ဒါတွေရှောင်
သန်းကြွယ်သူဋ္ဌေးတစ်ယောက်ဖြစ်ချင်ပါသလား???သူတို့ ပြုမှုနေထိုင်သလို လိုက်နေကြည့်ပါ။အခုဖော်ပြလိုက်တဲ့ ကိစ္စ (၇)ခုကို သန်းကြွယ်သူဋ္ဌေးတွေက ဘယ်တော့မှ မလုပ်ပါဘူး။ အဲ့ဒီအချက်တွေကတော့.......
၁။ တီဗွီ ကြည့်ပြီး အချိန်ကုန်မခံကြပါဘူး
သန်းကြွယ်သူဋ္ဌေး တွေကဘယ်တော့မှ ရုပ်မြင်သန်ကြားအစီအစဉ်တွေ ဇာတ်လမ်းတွေကြည့်ပြီး အချိန်အကုန်မခံကြပါဘူး။တီဗွီ ကြည့်မဲ့အစား သူတို့က စာအုပ်တွေပဲ ဖတ်နေလေ့ရှိပါတယ်။Elon Muskကနေ Warren Buffettအထိ နာမည်ကျော် လုပ်ငန်းရှင်သူဋ္ဌေး တွေအားလုံးဟာ တစ်နေ့တာရဲ့ အချိန်တော်တော်များများကို စာဖတ်ခြင်းဖြင့် ကုန်ဆုံးတတ်ကြပါတယ်။စာဖတ်တဲ့ နေရာမှာ လည်း အပျော်စာပေတွေထက် ပညာရမယ့် ၊ တိုးတက်မှု တစ်စုံတစ်ရာ ရရှိနိုင်မယ့် စာအုပ်တွေကိုပဲ ဖတ်လေ့ရှိပါတယ်။
၂။ ဘယ်တော့်မှ တစ်ဦးတည်း သီးခြားခွဲထွက်နေလေ့ မရှိပါဘူး
သန်းကြွယ်သူဋ္ဌေးတွေ အားလုံးက လူမှုဆက်ဆံရေး ကောင်း ကြသူတွေချည်းပဲဖြစ်ပါတယ်။သူတို့ဟာ အမြဲတမ်းလိုလို မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံပြီး စကားစမြည်းပြောနေလေ့ ရှိပါ တယ်။ဒီလို လူမှုဆက်ဆံရေးကောင်းမွန်တာဟာ အောင်မြင်မှု ရဲ့သော့ချက်ဖြစ်တယ်ဆိုတာကို သူတို့တွေက သိရှိထားကြပြီး သူတို့ရဲ့ လူမှုကွန်ယက်ကို တိုးချဲ့နိုင်ဖို့ အားထည့်ကြပါတယ်။
(၃)အပိုတွေလျှောက် တွေးလေ့မရှိပါဘူး
အောင်မြင်တဲ့ လုပ်ငန်းရှင်တွေတိုင်းဟာ သူတို့ရဲ့ပင်ကိုယ် သိစိတ်ကို ယုံကြည်စွာအသုံးပြုလေ့ရှိပြီး အများကြီးလျှောက် တွေးလေ့မရှိပါဘူး။ ဒီလိုဆိုတော့ အကျိုးဆက်တွေကို သေချာ မသုံးသပ်တာမျိုးကိုဆိုလိုတာမဟုတ်ပါဘူး။ သူတို့က ဆင်ချင် သုံးသပ်မှုတွေနဲ့ အချိန်ကုန်မခံတာမျိုးကို ဆိုလိုတာဖြစ်ပါတယ် သူတို့လုပ်ဆောင်ရမယ့် အရာတွေကို ဆင်ခြင်သုံးသပ်ပြီးပြီ ဆိုတာနဲ့ လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး လုပ်စရာရှိတာ တွေကို စတင်လုပ်ဆောင်ကြပါတယ်။ဘယ်တော့မှ နောက်ပြန် လှည့်ကြည့်လေ့မရှိပါဘူး။
(၄)တကယ်ရင်မဆိုင်ကြည့်ပဲ အရှုံးမပေးတတ်ကြပါဘူး
သန်းကြွယ်သူဋ္ဌေး တွေအားလုံးဟာ ဒုက္ခ ရောက်လာချိန်မှာ ဘယ်တော့မှ အရှုံးပေးဖို့ မစဉ်းစားတတ်ကြပါဘူး။သူတို့တွေ ဟာ ကျရှုံးမှုတွေ အဆင်မပြေမှုတွေ အားလုံးကို ဇွဲရှိရှိနဲ့ ကျော် ဖြတ်ကြပါတယ်။လုပ်ငန်းရှင်အများစုဟာ လုပ်ဖော်ကိုင်ဘက် တွေ ၊ မိတ်ဆွေ ၊ မိသားစုဝင်တွေရဲ့ ဝေဖန်ပြစ်တင်မှု့ကို ခံရလေ့ ရှိပေမယ့် လက်မလျော့တတ်ကြပါဘူး။ အောင်မြင်သူ အစစ်တွေက ဘယ်တော့မှ နောက်ကောက်ကျ ကျန်မနေ ခဲ့ပါဘူး။
(၅) အားကစားလုပ်ဖို့မမေ့ကြပါဘူး။
ချမ်းသာအောင်မြင်နေတဲ့ လုပ်ငန်းရှင်တိုင်းဟာ မနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်တတ်ကြပါတယ်။ သူတို့အတွက် မနက်ခင်းလေ့ကျင်ခန်း လုပ်တာဟာ နေ့စဉ် လုက်ငန်းဆောင်တာတွေအတွက် အာရုံစူးစိုက်နိုင်ပြီး လုပ်ငန်း ပြီးမြောက်ဖို့ကို တိုးတက်လာစေဖို့ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို နားလည်ကြပါတယ်။
(၆)အိပ်ယာထ နောက်ကျလေ့မရှိပါဘူး။
အောင်မြင်တဲ့ လုပ်ငန်းရှင်အများစုဟာ မနက်စောစောအိပ်ယာ ထတတ်ကြသူတွေချည်းပါပဲဖြစ်ပါတယ်။ သူတို့ဟာ ဘယ်တော့ မှအိပ်ယာထဲမှာ နှေးကွေးနေပြီး အလုပ်နောက်ကျခံတဲ့ထဲမှာ မပါကြပါဘူး။
(၇) ပျင်းရိငြီးငွေ့တယ်ဆိုတာမရှိပါဘူး။
အောင်မြင်သူတွေအများစုဟာ သူတို့ပတ်ဝန်းကျင်မှာ လေ့လာ စရာအခွင့်အလန်းတွေ အမြဲတမ်းရှိနေတာကို သိကြတဲ့အတွက် ပျင်းနေတယ်ဆိုတာ မရှိပါဘူး။ ထိုင်ပြီး ပျင်းနေမယ့်အစား မိတ်ဆွေအသစ်တွေနဲ့တွေ့ဆုံဖို့.၊ သင်တန်းတွေတတ်ဖို့၊ စာအုပ် တွေဖတ်ဖို့ စသဖြင့် သူတို့ရဲ့အရည်အချင်းနဲ့ အသိပညာ ဗဟုသုတတွေ တိုးလာဖို့ကိုပဲ အမြဲအားထုတ်နေတတ်ကြ ပါတယ်။
နိဂုန်းချုပ်ရမယ်ဆိုရင် သင်ရောသန်းကြွယ် သူဋ္ဌေးတစ်ယောက် ဖြစ်ချင်စိတ်ရှိပါသလား။ရှိတယ်ဆိုရင် အခုဖော်ပြခဲ့တဲ့ အချက် တွေကို လိုက်နာဖို့ အကြံပြုလိုက်ပါတယ်။
Ref : Myanmar Latest News
Photo Credit : clickhotel
Posted By : Wai Phyoe

မှတ်ချက်များ