မဖြစ်မနေကြည့်သင့်တဲ့ ထိပ်တန်း အော်စကာဆု ဆန်ကာတင်စာရင်းဝင် ဇာတ်ကား (၅) ကား
အခုချိန်ဟာ အော်စကာဆု ပေးပွဲသီရာဖြစ်ပြီး ကုန်လွန်ခဲ့တဲ့ နှစ်နဲ့ ပတ်သက်လို့ ခံစားချက် တစ်စုံတစ်ခုမှ မရှိပါက အကောင်းဆုံး အော်စကာဆုရ ရုပ်ရှင်ကားများ ထွက်ရှိလာတော့မယ့် ဆဲဆဲမှာ ဒီဇာတ်ကား အမည်စာရင်းတွေ ဖော်ပြပေးရတာ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းမယ် လို့ယူဆပါတယ်။ ဒါ့ကြောင့် ဒီနှစ် အော်စကာဆုအတွက် လျာထားစာရင်းထဲ ထိပ်ဆုံးကနေ ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကား (၅) ကား ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Bridge of Spies
ပထမအနေနဲ့ ဒီဇာတ်ကားဟာ Steven Spielberg ရဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်နေခြင်းကပဲ မဖြစ်မနေ ကြည့်ဖို့ လုံလောက်တဲ့အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ James B Donovan အမည်ရတဲ့ ရှေ့နေတစ်ဦးရဲ့ ဘဝဇာတ်ကြောင်းကို ဖော်ပြထားပြီး သူဟာ Soviet Union မှ ပစ်ချလိုက်တဲ့ သူလျိုထောက်လှမ်းရေးလေယာဉ်မှူး Francis Gary Powers ရဲ့ လွှတ်ငြိမ်းချမ်းသာခွင့် ရရှိရေးကို ဆွေးနွေးညှိနှိုင်းရသူ ဖြစ်ပါတယ်။
၂။ The Martian
သိပ္ပံဇာတ်ကား နှစ်သက်သဘောကျသူ အားလုံးအတွက်ဆိုရင် အတော်ကောင်းမွန်တဲ့ ကားတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ Matt Damon က အာကာသယာဉ်မှူးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး သေပြီလို့ မှတ်ယူကာ အင်္ဂါဂြိုဟ်ပေါ် ပစ်ထားခံရပါတယ်။ ဇာတ်ကားထဲမှာ သူ့နည်းသူ့ဟန်နဲ့ အသက်ရှင်နိုင်အောင် သူရဲ့ ကြိုးပမ်းရုန်းကန်မှုနဲ့အတူ သူ့ကို ကယ်တင်ဖို့ ကြိုးစားနေတဲ့ အိမ်ပြန်သွားကြသူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လည်း ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။
၃။ Spotlight
အထူးသဖြင့် စုံစမ်းထောက်လှမ်းတဲ့ အလုပ်လုပ်ကိုင်သူ သတင်းသမားတိုင်း အကြိုက်တွေ့မယ့် သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်ကားမှာ သတင်းစုံစမ်းထောက်လမ်းရေး အသင်းအဖွဲ့တစ်ခုဖြစ်တဲ့ Boston Globe ရဲ့ "Spotlight" အဖွဲ့ရဲ့ ဇာတ်ကြောင်းကို ဖော်ပြထားပြီး သူ့ရဲ့ အဓိက စုံစမ်းထောက်လှမ်းရေးအလုပ်မှာ အမေရိကနိုင်ငံ Boston ဒေသက ရိုမန်ကက်သလစ်ရဟန်းများရဲ့ ကလေးလိင် အလွဲသုံးစားမှုအကြောင်း ဖြစ်ပါတယ်။
၎။ The Revenant
ဒီဇာတ်ကားနာမည် မကြားဖူးခဲ့သေးရင် သင်ဟာ နောက် ကမ္ဘာဂြိုဟ်တစ်ခုကအနေ လာတာပဲဖြစ်ရမယ်။ ဘာကြောင့်လဲဆိုတော့ Leonardo Dicaprio ကို ဒီနှစ် အော်စကာဆုအတွက် တဖန် သတ်မှတ်လျာထားခံရစေတဲ့ အပြောင်မြောက်ဆုံး လက်ရာတစ်ခုဖြစ်လို့ ပါပဲ။ Dicaprio ကို ဟိုးရှေးခေတ်ဆန်ဆန် နယ်ခြားဒေသမှာ နေထိုင်သူ Hugh Glass နေရာမှာ သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ သူ့ရဲ့ ရင်သပ်ရှုမောဖွယ်ရာ သရုပ်ဆောင်ချက်ကို ကြည့်ရှုခံစားလိုက်ပါ။
၅။ Room
လှောင်ပိတ်ခံထားရတဲ့ အခန်းတစ်ခုမှာ ခက်ခဲကြမ်းတမ်းတဲ့ ၇ နှစ်ကြာ အကျဉ်းချ ထိန်းသိမ်းခံထားရတဲ့ မိခင်တစ်ဦးနဲ့ သူမရဲ့ ၅ နှစ်အရွယ် သားလေးရဲ့ ဝမ်းနည်းဖွယ် ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ကောင်လေးကို သူ့ဘဝမှာ ပထမဆုံးအကြိမ် ပြင်ပကမ္ဘာကို တွေ့ကြုံခံစားခွင့်ရစေတဲ့ သူတို့ Freedom ကို ရရှိကြပါတယ်။ အလွန့်အလွန် စိတ်ထိခိုက် ဝမ်းနည်းကြေကွဲစရာဖြစ်ပြီး ကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
Victor.PaaTung - Trend Myanmar
Ref: Mensxp

မှတ်ချက်များ