ဒိုင်ရန်ဒြာ ဖောရက်စ်ဆိုသူ အသက် ၂၆ နှစ်အရွယ် မော်ဒယ်ဟာ ဂျစ်ပစီအားကစားဝတ်စုံ ဖက်ရှင်ရှိုးမှာ မွေးကင်းစကလေးကိုချီပြီး ရှိုးလျှောက်ခဲ့ပါတယ်။
ရှိုးပွဲကိုတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တာပါ။ သူမရဲ့ သမီးငယ်ဟာ ရက်သတ္တပတ် ၇ ပတ်သာ ရှိသေးတာကြောင့် ကလေးငယ်ကို စောင်တစ်ခုနဲ့ခြုံပြီး စင်ပေါ်တက်ခဲ့တာပါ။ အချို့လူတွေကတော့ သူမဟာ စင်ပေါ်မှာ ကလေးကို နို့ချိုတိုက်ကျွေးခဲ့သေးတယ်လို့လည်း ဆိုနေကြပါတယ်။
"လူကြားထဲမှာ ကလေးနို့တိုက်တယ်ဆိုတော့ လူတွေက လန့်သွားကြတယ်။ တကယ်လို့ ကျွန်မက တကယ်ပဲ ကလေးကိုနို့တိုက်ခဲ့တယ်ဆိုရင်တောင်မှ အဲ့တာ သဘာဝပဲလေ" လို့ ဖောရက်စ်က ပြောပါတယ်။ "အမျိုးသားတွေရော အမျိုးသမီးတွေပါ အပေါ်ပိုင်းဗလာကျင်းပြီး ရှိုးလျှောက်တာဟာ လိင်ဆွဲဆောင်မှုအတွက်ဖြစ်ပြီး ကျွန်မတို့ကတော့ ကျွန်မတို့ရဲ့ကလေးတွေအတွက် ပြုလုပ်တာပါပဲ"လို့လည်း သူမကဆိုပါတယ်။
စက်တင်ဘာလတုန်းကတော့ သူမရဲ့ ငါးလကိုယ်ဝန်နဲ့ ရှိုးလျှောက်ခဲ့ပါသေးတယ်။
Source : Telegraph, NY Post
Credit: duwun

မှတ်ချက်များ