မိခင်မေတ္တာကို ဖော်ကျူးထားတဲ့ ကာတွန်းဇာတ်ကောင် နေ့လည်စာများ


လက်ရောမြောက်လှတဲ့ ကာတွန်းရုပ်ပုံစံ နေ့လည်စာ ဖန်တီးမှုကို အွန်လိုင်းအသုံးပြုသူတွေ နှစ်သက်အားပေးကြပါတယ်။

စင်ကာပူနိုင်ငံမှ လီလီမင်းအမည်ရှိ အမျိုးသမီးက သူမရဲ့ ကလေးတွေအတွက် မိခင်မေတ္တာအပြည့်နဲ့ ချစ်စဖွယ်ကောင်းတဲ့ စားချင်စရာ နေ့လည်စာ ပြင်ဆင်ပေးမှုက အွန်လိုင်းမှာ လူကြိုက်များ ချီးကျူးနေကြပါတယ်။

သူမက ၂၀၁၁ ခုနှစ်မှာ သားဖြစ်သူတစ်ဦးကို နေ့ကလေးထိန်းကျောင်း ပို့ခဲ့စဉ် သားဖြစ်သူက သူမကို သတိရနေတာကြောင့် အခုလို ကလေးတွေ စိတ်ဝင်စားစရာ ကာတွန်းဇာတ်ကောင် နေ့လည်စာလေးတွေ ဖန်တီးပေးဖြစ်ခဲ့တာပါ။

ကလေးတွေကို ပျော်ရွှင်စေဖို့နဲ့ သူမရဲ့ မိခင်မေတ္တာကို ခံစားသိရှိနိုင်စေဖို့ မျှော်လင့်ကြောင်း လီလီမင်းက ဆိုပါတယ်။ လီလီမင်းက ကလေးတွေအတွက် Star Wars၊ Minions၊ Snoopy စတဲ့ ကာတွန်းဇာတ်ကားများမှ ဇာတ်ကောင် အရုပ်လေးတွေပုံစံ နေ့လည်စာတွေကို ဖန်တီးပေးခဲ့ပါတယ်။

လက်ရောမြောက်လှတဲ့ ကာတွန်းရုပ်ပုံစံ နေ့လည်စာ ဖန်တီးမှုကို အွန်လိုင်းအသုံးပြုသူတွေ နှစ်သက်အားပေးကြပြီး လီလီမင်းရဲ့ အင်စတာဂရမ်မှာ ပရိသတ် ၁၈၅,၀၀၀ ကျော်ရှိပါတယ်။

ဒါ့ပြင် သူမရဲ့ ဘလော့လ်မှာလည်း ဝင်ရောက်ကြည့်ရှုသူ အများအပြား ရှိနေပါတယ်။ ကလေးတွေ နှစ်သက်တဲ့ စားချင်စဖွယ် ကာတွန်းရုပ်နေ့လည်စာ ဖန်တီးမှုကို လီလီမင်းက စာအုပ်ထုတ်ဝေခဲ့ပါသေးတယ်။

လီလီမင်းက အသက် ၁၂ နှစ်နဲ့ အသက် ၉ နှစ်အရွယ် သူမရဲ့ ကလေးနှစ်ဦးအတွက် ကာတွန်းရုပ်နေ့လည်စာ အမျိုးအစားပေါင်း ၂၀၀ ကျော် ဖန်တီး စီစဉ်ပေးခဲ့ပါတယ်။

Source & Photo: Daily Miail, Bento Monsters
Credit: duwun

မှတ်ချက်များ