![]() |
| အက်ပဲလ် စီအီးအို တင်မ်ကွတ်ခ်။ (ဓာတ်ပုံ - ရိုက်တာ) |
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန် ဘာနာဒီနိုမြို့မှာ အကြမ်းဖက် ပစ်ခတ်ခဲ့တဲ့ မွတ်စလင်အကြမ်းဖက်ရဲ့ အိုင်ဖုန်းမှာ ထောက်လှမ်းရေး အချက်အလက်တွေ ရှိနိုင်တယ်ဆိုပြီး တရားရုံးကတဆင့် အက်ဖ်ဘီအိုင်က တောင်းဆိုလာတာပါ။
အဲ့ဒီတောင်းဆိုမှုကို သတင်းတွေမှာ ဖော်ပြမှ သိရတယ်လို့ တင်မ်ကွတ်ခ်က ပြောဆိုပါတယ်။
ဒီအကြမ်းဖက်သမားရဲ့ အိုင်ဖုန်းကို ဖွင့်ပေးဖို့ကိစ္စဟာ အမေရိကန်ပြည်သူတွေရဲ့ လုံခြုံရေးကို ဆောင်ရွက်နေတဲ့ အက်ဖ်ဘီအိုင်နဲ့ အမေရိကန်ပြည်သူတွေနဲ့ ဖုန်းသုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံရေးကို အကာအကွယ်ပေးနေတဲ့ အက်ပဲလ်တို့အကြား အငြင်းပွားနေကြတာပါ။
အခုလို အငြင်းပွားမှု ဖြစ်နေချိန်မှာပဲ အက်ပဲလ်ဖုန်းတွေကို ပါ့စ်ဝါ့ဒ်မသိဘဲ ဖောက်ဝင်လို့မရအောင် လုံခြုံရေးအဆင့်မြှင့်မယ့် အစီအစဉ်တွေအတွက် အက်ပဲလ်က လုပ်နေတယ်လို့ ဆိုပါတယ်။
အက်ဖ်ဘီအိုင်က တရားရုံးကနေတဆင့် တောင်းဆိုလာတဲ့ကိစ္စကို ဥပဒေအရ ရင်ဆိုင်သွားမယ်လို့ အက်ပဲလ်က ပြောဆိုထားပြီး အဲ့ဒီကိစ္စအတွက် အက်ပဲလ်က ဖေဖော်ဝါရီ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး တရားဝင် တုံ့ပြန်ရမှာ ဖြစ်ပါတယ်။
DVB

မှတ်ချက်များ