ကလေးမွေးခါနီးကျမှ မိမိကိုယ်ဝန်ရှိနေကြောင်း သိသွားရတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်
ဗြိတိန်နိုင်ငံမှ Miss Hope လို့အမည်ရတဲ့ အမျိုးသမီးဟာ ကလေးမွေးတော့မှ သူဟာ ကိုယ်ဝန်ရှိ နေကြောင်း သိခဲ့ ပါတယ်။ အမှန်တော့ သူမဟာ ၂၀၁၅ နှစ်စကနေစပြီး တော့ ကိုယ်ဝန်ရှိနေတာ ဖြစ်ပါတယ်။ ကလေးကို ၂၀၁၅ နိုဝင်ဘာ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
ဝန်ထမ်းအမျိုးသမီးတစ်ဦးဖြစ်ပြီး သူမရဲ့ ချစ်သူနဲ့တော့ ပြတ်စဲခဲ့တာ လနဲ့ချီပြီးကြာခဲ့ပြီမို့ ကိုယ်ဝန်မရှိနိုင်ဘူးလို့ထင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ဗိုက်နာခြင်းဝေဒနာကို ခံစားရတာကြောင့် ဆေးခန်းသွားပြရာ အသည်းနဲ့ ဆက်စပ်တဲ့ ရောဂါတစ်ခုဖြစ်နေကြောင်း ပြောတာကြောင့် ကိုယ်ဝန်ရှိနေတာကို သူ့ဘာသူလည်း မသိခဲ့ ပါဘူး။ ကိုးလပြည့်တဲ့အချိန် ဆယ်လထဲ ဝင်တဲ့အခါမှာတော့ နာကျင်မှုဟာ အင်မတန် ပိုလာပါတယ်။ ဆေးခန်းမှာ သွားပြတဲ့အခါ ဝမ်းသွားချင်တယ်အမှတ်နဲ့ သွားရာ ဆေးရုံ လျှောက်လမ်းပေါ်မှာပဲ တွန်းလှဲပေါ်မှာ ကလေးမွေးပါတော့တယ်။ အညစ်အကြေးစွန့်တဲ့ စိတ်ရှိတာမဟုတ်ပဲ သာမန်ထွက်ရိုးထွက်စဉ်မဟုတ်တဲ့ အပေါက်ကနေ တစ်ခုခုထွက်နေကြောင်း ခံစားမိတာဟာ ကလေးမထွက်ခင် စက္ကန့် ၂၀ အလိုမှပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူမပါ သူမ ကလေးမိခင်ဖြစ်ကြောင်း သိတာဟာ ကလေးမမွေးခင် စက္ကန့် ၂၀ မှာပဲ ဖြစ်ပါတယ်။
မမွေးခင် အတော်အတွင်းမှာ သူမဟာ အတော်လေး ဝလာပြီး အဝတ်အစား Size 18 ကနေ Size 20 ကို ပြောင်းသွားပေမယ့် ကလေးရှိနေတာကို သတိမထားမိခဲ့ ပါဘူး။ ခါးနာခြင်း၊ ဗိုက်နာခြင်း ဝေဒနာကြောင့် ဘာမှ သိပ် လှုပ်လှုပ်ရှားရှားမလုပ်ခြင်း၊ အစားအသောက် ရှောင်ခြင်းတို့ဟာလည်း ကလေးကို ကျန်းမာအောင် ထားပေးသလို ဖြစ်ခဲ့ပုံရပါတယ်။ ကလေးဟာ ယခု မွေးဖွားပြီးတော့ သုံးလပြည့်ချိန်မှာ ကျန်းမာနေပါတယ်။ ကလေးရော မိခင်ရော ကျန်းမာလျက် ရှိကြ ပါတယ်။
ကိုယ်ဝန်ဆောင်ထားပါလျှက်နဲ့ မိမိဘာသာ မသိတဲ့အဖြစ်အပျက်တွေ အများကြီးရှိကြောင်း အသေးစိတ်ကို အောက်မှာ ဖော်ပြထားတဲ့ မူရင်း လင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။
Ref; dailymail
http://www.dailymail.co.uk/…/Healthcare-assistant-told-cons…
အောင်ခမ်း (ရိုးရာလေး)




မှတ်ချက်များ