အွန်လိုင်းဈေးဝယ်မှုက ကျွန်ုပ်တို့ထင်ထားသလို ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး မဖြစ်နိုင်


အွန်လိုင်းဖြင့် အိမ်ထဲမှာ ဈေးထိုင်ဝယ်ရတာ သဘောမကျသူ ဘယ်သူရှိပါ့မလဲ။ ဒါပေမယ့် ကျွန်ုပ်တို့ ယူဆထားသလို သဘာဝပတ်ဝန်းကျင်ကို အကျိုးဖြစ်စေတဲ့ ရွေးချယ်မှုတစ်ခုတော့ မဖြစ်နိုင်ဘူးလို့ လေ့လာမှု အသစ်တစ်ခုက ဖော်ပြထားပါတယ်။

သိပ္ပံပညာရှင်တွေက အွန်လိုင်းဈေးဝယ်မှုစနစ် ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ယာဉ်သွားလာမှု မိုင်အရေအတွက်စုစုပေါင်း ကျဆင်းမသွားခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အိမ်ကနေ အော်ဒါမှာယူခြင်းက လူတွေ ယူဆထားသည်ထက် သယ်ယူပို့ဆောင်မှု ကဏ္ဍကို ပိုမိုကြီးမားတဲ့ အကျိုးသက်မှု ရှိကြောင်း International Journal of Sustainable Development and World Ecology မှာ ဖော်ပြထားပါတယ်။

အီလက်ထရောနစ်ဖြင့် ရောင်းဝယ်မှု (e-stores) စနစ်မှာ နေရာစားသက်သာပြီး စွမ်းအင်သုံးစွဲမှု ပိုမိုနည်းပါးတာ မှန်ပေမယ့် အွန်လိုင်းဈေးဝယ်မှုက လမ်းမတွေမှာ ပိုမိုများပြားတဲ့ ကုန်ပို့ယာဉ်တွေ ရောက်ရှိသွားစေပါတယ်။ လမ်းဘေး လူစင်္ကြာများမှာ ယိုယွင်းပျက်စီးမှု ပိုမိုဖြစ်ပေါ်စေတယ်လို့ အမေရိကန်နိုင်ငံ Delaware တက္ကသိုလ်က ယင်းလေ့လာမှုဦးစီးသူ Arde Faghri က ပြောဆိုခဲ့ပါတယ်။

အွန်လိုင်းဈေးဝယ်မှု ထွန်းကားလာမှုကြောင့် ယာဉ်တွေ ခရီးသွားလာမှု မိုင်တိုင်အရေအတွက် ကျဆင်းမသွားတာ တွေ့ရတယ်လို့ Fagdri က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ယင်းလေ့လာမှုမှာ ဈေးဝယ်မှုပုံစံတွေ ဖော်ထုတ်ဖို့အတွက် စစ်တမ်းကောက်ယူမှု တစ်လျှောက် ရရှိတဲ့ ဒေတာအချက်အလက်တွေ ပါဝင်ခဲ့ပြီး စစ်တမ်းအကျဉ်းချုပ်မှာ ထုတ်ကုန်အမျိုးအစား ရရှိပြီးတဲ့နောက် စိစစ်လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။

အွန်လိုင်းဈေးဝယ်မှု များပြားလာခြင်းက ကျယ်ပြောတဲ့ ကားရပ်နားနေရာတွေ ပါဝင်တဲ့ shopping mall အကြီးစားတွေမှာ စတိုးဆိုင် အရေအတွက်နဲ့ အရွယ်အစား စသည့် မြေအသုံးပြုမှုပုံစံတွေကို အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ အရောင်းဝန်ထမ်းလိုအပ်မှု ပိုမိုလျော့နည်းစေပြီး ယာဉ်မောင်းလိုအပ်မှု ပိုမိုတိုးပွားလာစေတယ်လို့ Faghri က ရှင်းပြခဲ့ပါတယ်။

Victor.PaaTung - Trend Myanmar
Ref: Indiatimes

မှတ်ချက်များ