ရေရှည်ခိုင်မြဲတဲ့ စုံတွဲတွေဟာ ဒီအချက် (၂) ချက်မှာ အထူးကောင်းမွန်သူများဖြစ်
ကောင်းမွန်စွာ ဆက်ဆံပြောဆိုမှုပြုလုပ်ပြီး ဖိုမကိစ္စမကြာမကြာ ရှိသူတွေဟာ စိတ်ပျော်ရွှင်ကျေနပ်မှု ပိုရကြောင်း ရေရှည် အချစ်ရေးဆက်ဆံရေးနဲ့ ပတ်သက်ပြီး အကျယ်တဝင့် လေ့လာချက်တစ်ခုက တွေ့ရှိခဲ့ပါတယ်။
The Journal of Sex Research မှာ အခုလ နောင်းပိုင်း ပုံနှိပ်ဖော်ပြမယ့် လေ့လာမှုမှာ အိမ်ထောင်ပြုပြီးသူနဲ့ ချစ်သူစုံတွဲ ၄၀,၀၀၀ နီးပါးကို ဖိုမကိစ္စဆိုင်ရာ စိတ်ပျော်ရွှင်ကျေနပ်မှုကို တိုင်းတာဆုံးဖြတ်ဖို့အတွက် ၂၀၀၆ မှာ စစ်တမ်းကောက်ယူ ခဲ့ပါတယ်။
လက်တွဲတဲ့ ပထမ ၆ လအတွင်း ဖိုမကိစ္စ ကျေနပ်ရောင့်ရဲမှု အတိုင်းအတာ ၁ ကနေ ၇ အထိ မြင့်တက်ခဲ့ပါတယ်။
စစ်တမ်းမေးခွန်း ဖြေကြားသူ ၈၃% က ပထမ ၆ လအတွင်း လိင်ဆက်ဆံမှုအပိုင်းမှာ စိတ်ကျေနပ်မှုရှိကြောင်း ပြန်လည်အမှတ်ရ ပြောဆိုကြပေမယ့် လက်ရှိအခြေအနေအကြောင်း ပြောဆိုတဲ့ စုံတွဲတွေမှာတော့ လတ်တလောစိတ်ကျေနပ်မှု ထက်ဝက်ခန့် လျော့ကျခဲ့ကြောင်း Wall Street Journal က ဖော်ပြခဲ့ပါတယ်။
စိတ်ကျေနပ်မှုရတဲ့ အမျိုးသမီး ၇၉% နဲ့ အမျိုးသား ၈၁% တို့က တစ်ပတ် (၁) ကြိမ် သို့မဟုတ် အဲဒီထက်ပိုပြီး လိင်ဆက်ဆံမှုပြုလုပ်ကြကြောင်း သုတေသနပညာရှင်တွေကို ပြောပြခဲ့ကြပါတယ်။
ဖိုမကိစ္စ စိတ်ပျော်ရွှင်ကျေနပ်မှုကို ခန့်မှန်းတွက်ချက်တဲ့အခါ ယောက်ျားနဲ့ မိန်းမမှာ စိတ်ဝင်စားစရာကောင်းတဲ့ ကွဲပြားခြားနားချက်တချို့ရှိပါတယ်။ အမျိုးသမီးများအတွက် အဘယ်နှကြိမ်လိင်ဆက်ဆံမှုလုပ်လဲ၊ စိတ်ခံစားချက်နိုးဆွခြင်းနဲ့ စကားပြောဆိုခြင်းတို့ ဖြစ်ပြီး အမျိုးသားများအတွက်တော့ စိတ်ခံစားချက်နိုးဆွပေးခြင်း၊ လိင်ဆက်ဆံခြင်းနဲ့ စကားပြောဆိုခြင်းတို့ ဖြစ်ပါတယ်။
Victor.PaaTung - Trend Myanmar
Ref: Indiatimes

မှတ်ချက်များ