ချစ်သူစုံတွဲနှစ်ဦး ချစ်တင်းနှောရင်း သခွားသီး အသုံးပြုခဲ့တာကြောင့် အမျိုးသမီးဟာ သေဆုံးခဲ့ရပါတယ် ။ ဒီဖြစ်စဉ်မှာ အမျိုးသားက ကျူးလွန်တာ ဆိုရင်တော့ အမျိုးသားဟာ ထောင်ဒဏ် ၅ နှစ် ကျခံရဖွယ် ရှိပါတယ်။ ဒါမှမဟုတ် မတော်တဆ ဖြစ်တာလား ဆိုတာကို စစ်ဆေးနေတုန်းပါပဲ။
သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ အသက် ၄၆ နှစ်ဖြစ်ပြီး အမျိုးသားကတော့ လက်ရှိတ၇ားရုံးမှာ ဒီအမှုအတွက် ရင်ဆိုင်နေရပါပြီ ၊ ထွက်ဆိုချက်အရ သူတို့နှစ်ဦးဟာ ၂၀၀၄ ခုနှစ်က စတင်တွေ့ဆုံခဲ့ပြီး ၅ နှစ်လောက်အကြာမှာ ချစ်တင်းနှောသည့် အဆင့်သို့ ရောက်ခဲ့ကြောင်းနဲ့ ချစ်တင်းနှောရာမှလည်း အသီးအနှံတွေကို အကူပစ္စည်းအနေနဲ့ အသုံးပြုလေ့ ရှိကြောင်း ဆိုပါတယ်။
သူတို့ဟာ ချစ်တင်းမနှောခင်မှာ ဝိုင်လေးပုလင်းလောက် သောက်ထားကြပြီး ချစ်တင်းနှောနေစဉ် အမျိုးသမီးရဲ. ပါးစပ်ထဲကို သခွားသီး ထည့်ထားမိချိန်မှာ မီးဖိုချောင်က ညှော်နံ့ကြောင့် အိုလီဗာဟာ ခွေးကျေးဖို့ အသားချက်ထားတာကို သတိရပြီး သွားကြည့်ကာ ခွေးကိုလည်း အစာကျွေးခဲ့ပါတယ်တဲ့ ၊ နောက်ပီးသူဟာ ဝရံတာမှာလည်း ဆေးလိပ်ထွက်သောက်ပြီးမှ အမျိုးသမီးဆီ ပြန်လာခဲ့ပါတယ် ။ သူရောက်ရှိချိန်မှာတော့ အမျိုးသမီးဟာ အသက်ရှုကြပ်ပြီး သတိလစ်နေခဲ့ပါပြီလို့ ထွက်ဆိုထားပါတယ် ။
ဆရာဝန်တွေရဲ. စစ်ဆေးချက်အရ အမျိုးသမီးရဲ. ခန္တာကိုယ်မှာ အရက်ပမာဏ များပြားနေပြီး သခွားသီးဟာလည်း အသက်ရှုလမ်းကြောင်းကို ပိတ်ဆို့ပြီး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
Source : Daily Mail
myanbuzz
ပင်မ
/
ချစ်တင်းနှောနေစဉ် သခွားသီးကို အသုံးပြုခဲ့လို့ သေဆုံးမှု ဖြစ်ပွား ပုံမှန်သေဆုံးတာလား သတ်ခံရတာလား ဆိုတာကတော့ အငြင်းပွားဆဲပါပဲ

မှတ်ချက်များ