သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားပွဲတွင် ခါးပိုက်နှိုက်မှုကျူးလွန်သူ အမျိုးသမီး(၂)ဦးအား ဖမ်းဆီးရမိအရေးယူ



ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်တွင် ကျင်းပလျက်ရှိသော 
ကျိုက်ခေါက်စေတီဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် ဘုရားပွဲလာသူများထံမှ ခါးပိုက်နှိုက်မှုများ ကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် ၎င်းပွဲတော်တွင်းနေ့/ည ဆောင်ရွက်လျက်ရှိရာ ၂၂.၂.၂၀၁၆ ရက်နေ့ ၂၁၃၅ အချိန်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူများဖြစ်သော အင်းစိန်မြို့နယ်နေ မဟန်နီထွန်း (၂၃)နှစ်နှင့် လှိုင်သာယာမြို့နယ်နေ မအသေးလေး (၁၈)နှစ်တို့ (၂)ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ မဟန်နီထွန်းအားစစ်ဆေးရာ ၎င်းနှင့်အတူတွေ့ရှိသော ဆင်းကတ်ပါ GIONEE အမျိုး အစားလက်ကိုင်ဖုန်းအား ဘုရားပွဲလာသူ သန်လျင်မြို့နယ်နေ မအေးအေးထွန်းထံမှနှိုက်ယူရရှိခဲ့သော ဖုန်းဖြစ်ကြောင်း၊ ၎င်းအပြင် ၂၁၀၀အချိန်ခန့်တွင် ဘုရားပွဲလာသူ အသက် (၂၄)နှစ်ခန့်ရှိ အမျိုးသမီး တစ်ဦးထံမှ ဆင်းကတ်ပါ Cool Pad အမျိုးအစားလက်ကိုင်ဖုန်းနှင့် Huawei အမျိုးအစား လက်ကိုင်ဖုန်းတို့အား နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အလားတူ ဖမ်းဆီးရမိသူ မအသေးလေးအားစစ်ဆေးရာ ၎င်းနှင့်အတူတွေ့ရှိသော ဆင်းကတ်ပါ Samsung Galaxy Win အမျိုးအစားလက်ကိုင်ဖုန်းအား ဘုရားပွဲလာ ကျောက်တန်းမြို့နယ်နေ မစုဝေဖြိုးထံမှနှိုက်ယူရရှိခဲ့သောဖုန်းဖြစ်ကြောင်း ၎င်းအပြင် ၂၁၀၅ အချိန်ခန့်တွင် ဘုရားပွဲလာ အသက် (၁၅)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးထံမှ ငွေကျပ် (၃၂၅၀၀)အား နှိုက်ယူရရှိခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ မဟန်နီထွန်းနှင့် မအသေးလေးတို့(၂)ဦးအား သန်လျင်မြို့မရဲစခန်းတွင် အမှုများအသီးသီးရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်များ