သားငယ်ရဲ့အလန့်တကြားအော်သံကြောင့် အခန်းထဲဝင်ကြည့်တာ စပါးကြီးမြွေပတ်နေမှန်းသိခဲ့ရတဲ့မိခင်


မိခင်ဖြစ်သူက သားအော်သံ ကြားတာနဲ့ အိပ်ယာက လန့်နိုးလာပြီး သားရဲ့ အခန်းဆီကို သွားကြည့် တဲ့ အခါမှာ ကြောက်လန့်တကြား အော်ဟစ်နေတဲ့ သားရဲ့ ကိုယ်ကို စပါးကြီးမြွေကြီး ပတ်ထားတာကို တွေ့ရပါတယ်။

မိခင် Tamara Thurgood က သားကိုယ်ပေါ်ကနေ မြွေကြီးကို ဆွဲဖယ်ဖို့ ကြိုးစားတဲ့ အခါမှာ မြွေက သားမျက်နှာကို အကြိမ်ကြိမ် ပေါက်တယ်လို့ ဆွေမျိုးသားချင်းတွေက ဘီဘီစီကို ပြောပါတယ်။


သြစတြေးလျ နိုင်ငံ ကွင်းစလန်း ပြည်နယ်မှာမှာ နေထိုင်တဲ့ Tamara Thurgood က ၆နှစ်အရွယ် သူ့သားကို ပတ်ထားတဲ့ မြွေကို အတော်ကြိုးစားပြီး ဆွဲထုတ်ရတယ်လို့ မီဒီယာ ကို ရှင်းပြပါတယ်။

သူ့သားက မျက်စိစုံမှိတ်ထားတော့ ဘာတွေဖြစ်နေမှန်း မသိဘူးလို့ ဆိုပါတယ်။
ဆွေမျိုးသားချင်းနှစ်ယောက်ကို လှမ်း အကူအညီတောင်းလို့ သူတို့က နေအိမ်ဆီသွားပြီး မြွေကို အသေသတ်လိုက်ပါတယ်။ စပါးကြီး မြွေက အရှည်အားဖြင့် ၈ပေရှိပြီး သဘာဝ တောရဲ တိရိစ္ဆာန် ထိမ်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ဒီလိုဖြစ်ရပ်က ရှားရှားပါးပါးဖြစ်ရပ် လို့ဆိုပါတယ်။

BBC Burmese

မှတ်ချက်များ