စိတ်ခံစားမှုက ခန္ဓာကိုယ် နာကျင်မှုကို ဖြစ်စေ
ဘယ်လို စိတ်ခံစားမှုတွေက ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေမှာ နာကျင်ကိုက်ခဲမှုတွေ ဖြစ်တတ်သလဲဆိုတာ ဖော်ပြထားပါတယ်။
သင့်ရဲ့ စိတ်ခံစားမှုကြောင့် ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှုတွေ ဖြစ်လေ့ရှိဆိုတာ သင် သိပါသလား? စိတ်ခံစားမှုအလိုက် ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲမှု ဝေဒနာ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
ဘယ်လို စိတ်ခံစားမှုတွေက ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေမှာ နာကျင်ကိုက်ခဲမှုတွေ ဖြစ်တတ်သလဲဆိုတာ ဖော်ပြထားပါတယ်။
ခေါင်းကိုက်ခဲမှု
လူတစ်ယောက်ဟာ စိတ်ဖိစီးမှုနဲ့ စိတ်ခံစားမှု ကြီးကြီးမားမား ကြုံတွေ့ရတဲ့အခါ ဦးခေါင်း ကိုက်ခဲမှုဖြစ်တတ်ပါတယ်။
လည်ပင်းနာမှု
အကြောင်းအရာတစ်ခုခုနဲ့ ပတ်သက်ပြီး မိမိကိုယ်ကိုယ် ခွင့်မလွှတ်နိုင်တဲ့ စိတ်ခံစားမှုမျိုး ခံစားရတဲ့အခါ လည်ပင်းနာတတ်တယ်လို့ ဆိုပါတယ်။
ပခုံးနာကျင်ကိုက်ခဲမှု
ဖြစ်ပျက်နေသမျှ ကိစ္စတွေအပေါ် စိတ်ပူပန်မှုတွေနဲ့အတူ ကိုယ့်မှာ တာဝန်ရှိသလိုမျိုး ခံစားရတဲ့အခါ ပခုံးတွေ နာကျင် ကိုက်ခဲတတ်ပါသတဲ့။
နောက်ကျောအပေါ်ဘက် နာကျင်မှု
လူတစ်ယောက်ဟာ ချစ်ခြင်းမေတ္တာ မခံစားရတဲ့၊ ဖေးမကူညီမှု ကင်းမဲ့နေတဲ့အခါ စိတ်ထိခိုက်ခံစားရမှုနဲ့အတူ နောက်ကျောရဲ့ အပေါ်ဘက်ပိုင်း နာကျင်မှု ဖြစ်တတ်ပါတယ်။
နောက်ကျောအောက်ဘက် နာကျင်မှု
ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး စိတ်သောကရောက်ရတဲ့အခါမှာ ခန္ဓာကိုယ်မှာ နောက်ကျော အောက်ဘက်ပိုင်း နာကျင်မှု ခံစားရတတ်တယ်လို့ ဆိုပါတယ်။
တံတောင်ဆစ် နာကျင်ကိုက်ခဲမှု
အကြောင်းကိစ္စတစ်ခုခုနဲ့ ပတ်သက်ပြီး ခေါင်းမာစွာနဲ့ အလျှော့မပေးလိုတဲ့ စိတ်ခံစားမှု ဖြစ်နေစဉ်မှာ တံတောင်ဆစ် နာကျင် ကိုက်ခဲတတ်ပါတယ်။
လက်နာကျင်မှု
လက်တွေ နာကျင်မှုကတော့ တစ်ယောက်တည်း အဖော်မဲ့နေချိန်၊ သူငယ်ချင်းတွေနဲ့ ကင်းကွာနေချိန်၊ လူမှုအသိုင်းအဝိုင်းရဲ့ အပြင်ကို ရောက်နေသလို ခံစားရချိန်မှာ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
Source & Photo: Medicine Plus, WallPaper






မှတ်ချက်များ