မိမိရဲ. အပျိုစင်ဘဝကို ရောင်းချခဲ့ကြတဲ့ အမျိုးသမီး ၇ ဦး



၂၀၀၄ ခုနှစ်တုန်းက အသက် ၁၈ နှစ်အရွယ် အင်္ဂလိပ်အမျိုးသမီး Rosie Reid ဟာ သူမရဲ. တက္ကသိုလ်စားရိတ်အတွက် အပျိုစင်ဘဝကို လေလံတင်ရောင်းချခဲ့ပါတယ် ၊ သူမရဲ. အပျိုစင်ဘဝကို ဝယ်ယူဖို့ အွန်လိုင်းကနေ စိတ်ဝင်တစား ဆက်သွယ်သူပေါင်း ၄၀၀ ကျော်လောက် ရှိခဲ့ပြီး သူမဟာ ဇကာတင် ငါးယောက်ေ၇ွးချယ်ခဲ့ပါတယ် ။ နောက်ဆုံးမှာတော့ သူမဟာ အသက် ၄၄ နှစ်အရွယ် အင်ဂျင်နီယာတစ်ဦးကို ဒေါ်လာ ၁၂၀၀၀ နဲ့ အပျိုစင်ဘဝကို ပေးလိုက်ပါတယ်။


Alina Perce ဟာ အသက်ဆယ့်ရှစ်နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်ပြီး ၊ သူမကတော့ ကွန်ပျူတာဘွဲ့ရဖို့အတွက် လေလံတင်ခဲ့တာပါ ။ သူမရဲ.လေလံမှာ အနိုင်ရသူကတော့ အသက် ၄၅ နှစ်အရွယ် အီတလီ စီးပွားရေးသမား တစ်ဦးဖြစ်ပြီး တစ်ညတာအတွက် ဒေါ်လာ ၁၂၅၀၀ နဲ့ပါ ။ Alina ကတော့ သူမအနေနဲ့ စိတ်အနှောင့်အယှက် မဖြစ်ရပါဘူးတဲ့ ၊ ဘာလို့လဲဆိုတော့ အဆိုပါ အမျိုးသားဟာ သူမအပေါ်မှာ ဆွဲဆောင်မှု ရှိလို့ပါတဲ့။


Shatuniha ဟာ Krasnoyarsk က အသက် ၁၈ နှစ်အရွယ် မိန်းမပျိုဖြစ်ပြီး ဒီဆာဘီးယန်းအမျိုး သမီးငယ်ဟာ သူမရဲ. အပျိုစင်ဘဝကို အလျှင်အမြန်ရောင်းချလိုကြောင်းနဲ့ ဈေးမြင့်မြင့်ပေးသူကို ရောင်းချမည် ဖြစ်ကြောင်း လေလံတင်ခဲ့ပါတယ် ။ သူမရဲ. လေလံဈေးဟာ ဒေါ်လာ ၃၁၀၀ နဲ့ စတင်ခဲ့ပြီး Evgeniy Volnov ဆိုသူက ဒေါ်လာ ၂၇၇၀၀ နဲ့ အမြင့်ဆုံး ပေးဝယ်သွားခဲ့ပါတယ် ။


၂၀၁၀ ခုနှစ်တုန်းက နယူးဇီလန် ကျောင်းသူ နာမည်ပြောင်အားဖြင့် UniGirl လို့သာ သိရတဲ့ အမျိုးသမီးငယ်ဟာ သူမရဲ.ကျောင်းစားရိတ် အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ် ။ သူမဟာ အင်တာနက်မှာ သူမရဲ. အပျိုစင်ဘဝကို လေလံတင်ပြီး ရောင်းချခဲ့တာ ဒေါ်လာ ၃၆၁၀၀ ရရှိတယ်လို့ အခိုင်အမာ ဆိုပါတယ်။


၂၀၀၄ ခုနှစ်တုန်းက အပျိုစင်ရောင်းချမှုကို အီဘေးရဲ. လေလံမှာ စံချိန်တင် ဈေးနှုန်း ဒေါ်လာတစ်သိန်းနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ် ၊ ဒါပေမယ့်လည်း အီးဘေးဟာ သူမရဲ. ကြေငြာကို အလျှင်အမြန်ပဲ ဖြုတ်ချခဲ့တာမို့ အစစ်အမှန်လား အတုလားဆိုတာ မသိရပါတယ် ။


အသက် ၂၀ အရွယ် ဘရာဇီးမော်ဒယ် Catarina Migliorini ဟာ သူမရဲ. အပျိုစင်ကို ရောင်းချဖို့ ဂျပန်သန်းကြွယ် သူငှေးတစ်ဦးကို ဒေါ်လာ ၇၈၀၀၀၀ နဲ့ အငြင်းပွားဖွယ် အွန်လိုင်းလေလံဆိုက်ဒ် တစ်ခုကနေ ကမ်းလှမ်းခဲ့ပါတယ် ။


ဝါရှန်တန်တက္ကသိုလ်က ဆေးကျောင်းသူလေး သူမကိုယ်သူမကတော့ Elizabeth Raine (တကယ့်နာမည်က Hanna Kern) ဟာ သူမကိုယ်သူမ လေလံတင်ခဲ့ပြီး ဒေါ်လာ ၈၀၁၀၀၀ ထိ ရရှိခဲ့ပြီးမှ သူမရဲ. ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့ပါတယ် ။ သူမဟာ ဒီလိုအလုပ်ကို မလုပ်တော့ပဲ သူမရဲ. ကျောင်းစာကိုပဲ စိတ်ဝင်တစား ပြန်လုပ်တော့မယ်ရယ်လို့ သူမရဲ. ဘလော့ဂ်မှာ ရေးသားခဲ့ပါတယ်။

buzz.myanmar

မှတ်ချက်များ