ရောင်းမကုန်တဲ့ စားစရာတွေကို စွန့်ပစ်လို့မရတဲ့ ပြင်သစ်စူပါမားကတ်တွေ
လွှင့်ပစ်မိရင်တော့ ဥပဒေအရ ငွေဒဏ်ကျခံရမှာပါ။
ပြင်သစ်နိုင်ငံရှိ စူပါမားကတ်တွေမှာ ရောင်းမကုန်တဲ့ အစားအစာတွေကို လွှင့်ပစ်ခြင်းကို တားမြစ်လိုက်ပါပြီ။ ရောင်းမကုန်တဲ့ အစားအစာတွေကို လွှင့်ပစ်မိတဲ့ စူပါမားကတ်တွေက ဥပဒေအရ အရေးယူခံသွားဖို့ ရှိပါတယ်။
အဲ့ဒီဥပဒေကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြင်သစ်လွှတ်တော်မှာ မဲပေးစေပြီး အတည်ပြုခဲ့တာပါ။ ဥပဒေအရ စူပါမားကတ်တွေဟာ ရောင်းမကုန်တဲ့ စားစရာတွေကို ပရဟိတအဖွဲ့တွေကို ပေးတာမျိုးဖြစ်စေ အစားအစာဘဏ်ကို အပ်တာမျိုးဖြစ်စေ ပြုလုပ်ရမှာပါ။ ဒီဥပဒေမှာ အကျယ်အဝန်း ၄၀၀ ကုဗပေနဲ့အထက် ရှိတဲ့ စူပါမားကတ်တွေအကုန်လုံး ပါဝင်ပါတယ်။ ဥပဒေကို မလိုက်နာဘူးဆိုရင်တော့ ဒဏ်ငွေအဖြစ် ယူရို ၃၇၅၀ ပေးဆောင်ရမှာဖြစ်ပါတယ်။
အစားအစာတွေ အလေအလွင့်မဖြစ်အောင် ဒီလိုမျိုး လုပ်ဆောင်ရတာဖြစ်ပြီး စားသောက်ဆိုင်တွေ၊ မုန့်ဆိုင်တွေ၊ ကျောင်းစားသောက်တန်းတွေနဲ ကုမ္ပဏီတွေက စားသောက်ဆိုင်တွေမှာပါ အစားအသောက် လေလွင့်တာမျိုးမဖြစ်အောင် ဆက်လက်ထိန်းချုပ်သွားမယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။
(DuWun)
Source : Independent

မှတ်ချက်များ