ဒီအိမ်ဟာ ကမ္ဘာပေါ်မှာာ သရဲအခြောက်ဆုံး အိမ်အဖြစ် ယူဆထားကြပြီး ပိုင်ရှင်က အိမ်ကြီးကို ရောင်းထုတ်ချင်နေပါတယ်။
သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဒီအိမ်ကြီးကို ပေါင် ၃.၄ သန်းနဲ့ ဈေးခေါ်ထားပါတယ်။
၁၅၉ နှစ် သက်တမ်းရှိပြီး ၁၃,၃၆၉ စတုရန်းပေကျယ်ကာ ရှေးဗိသုကာပညာနဲ့ ခန့်ထည်လှတဲ့ ဒီအိမ်ကြီးဟာ နယူးအော်လန်မှာရှိပြီး မက်ဂနိုလီးယားအိမ်တော်လို့ အမည်ပေးထားပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းနဲ့ ကိုရီးယားစစ်ပွဲအတွင်းက အမေရိကန်ကြက်ခြေနီအသင်း ဌာနချုပ်အဖြစ် အသုံးပြုခဲ့တဲ့ ဒီအိမ်ကြီးကို ဗိသုကာပညာရှင် အိတ်ခ်ျ ကာရိုးက ဒီဇိုင်းထုတ် တည်ဆောက်ခဲ့တာပါ။
အိမ်ကြီးကို တာဝန်ယူတည်ဆောက်ခဲ့တဲ့ ဝါဂွမ်းခင်း ပိုင်ရှင်သူဌေးကြီးဟာ ဒီအိမ်ထဲမှာ လဲကျပြီး ငန်းဖျားရောဂါနဲ့ ဆုံးပါးသွာခဲ့တယ်လို့ သိရပေမဲ့ တကယ်တမ်းကျတော့ သူဟာ မိုးကြိုးပစ်ခံရပြီး သေဆုံးတာဖြစ်တယ်လို့လည်း ပြောကြပါတယ်။
အဲဒီအချိန်ကစပြီး ပိုင်ရှင် အမျိုးမျိုးပြောင်းကာ ဖြစ်ရပ်မျိုးစုံဖြစ်ပွားခဲ့ပြီးတဲ့နောက် သရဲခြောက်တယ်လို့ တစတစ နာမည်ကြီးလာတာပါ။
ရေခွက်တွေကို ဇောက်ထိုးထားတဲ့ သရဲတစ်ကောင်ရှိသလို ခြောက်ခြားစရာ ဂီတသံတွေလည်း ဖန်တီးတယ်လို့ ဆိုပါတယ်။
တည်းခိုခန်းအဖြစ် အသုံးပြုတဲ့ အဲဒီအိမ်ကြီးမှာ ညဘက် ဧည့်သည်တွေရဲ့ ခေါင်းအုံးကို လိုက်ဆွဲတတ်တဲ့ အစောင့်သူရဲလည်း ရှိသေးတယ်လို့ သိရပါတယ်။
အကောင်အထည်ပြ ခြောက်လှန့်တယ်လို့တော့ ပြောသူမရှိပေမဲ့ ညဘက်တွေမှာ ပစ္စည်းတွေ ဟိုရောက် ဒီရောက်ရောက်တာ၊ ခုံရွှေ့သံတွေကြားရတာ၊ နှိုးစက်ထမြည်တာ စတဲ့ နည်းတွေနဲ့ ခြောက်လှန့်တတ်တယ်လို့ သိရပါတယ်။
Source & Photos : Mirror
Credit: duwun

မှတ်ချက်များ