မတ်ဖုန်းတစ်လုံး ပိုင်ဆိုင်ခြင်းက သင့်ရဲ့ နေ့စဉ်ဘဝကို အဆင်ပြေစေတဲ့ ကောင်းကျိုးများစွာ ရရှိစေပါတယ်။ စမတ်ဖုန်းဟာ ဆက်သွယ်မှုအပြင် အိတ်ကပ်ထဲမှာ ထည့်ထားလို့ရတဲ့ စွယ်စုံကျမ်းတစ်ခု ဖြစ်သလို ဘဏ်စနစ်တစ်ခုပါ ဖြစ်လာပါတယ်။ ဒီလို အသုံးတည့်မှုများစွာ ရှိပေမဲ့ သင့်ရဲ့ဘဝကို အနှောင့်အယှက် ဖြစ်စေတာ ဒုက္ခဖြစ်စေတာတွေလည်း ရှိနေပါတယ်။
လိင်မှုဘဝကို ထိခိုက်စေတယ်
စုံတွဲတွေကြား လိင်မှုဘဝမှာ စမတ်ဖုန်းတစ်လုံး ရှိနေခြင်းက တစ်ခါတရံ အနှောင့်အယှက် ဖြစ်စေပါတယ်။
စမတ်ဖုန်းက မက်ဆေ့ခ်ျရောက်ကြောင်း အသံပေးတာ၊ တစ်စုံတစ်ယောက်က ဖုန်းခေါ်လာတာ၊ ဖေ့စ်ဘွတ်ခ် notification ရောက်လာတဲ့ အသံ စသဖြင့်တွေက လိင်မှုဘဝကို အနှောင့်အယှက် ဖြစ်တတ်ပါတယ်။ Harris Interactive သုတေသနအဖွဲ့ရဲ့ လေ့လာမှုအရ အရွယ်ရောက်ပြီး လူငယ်တွေရဲ့ ၂၀ ရာခိုင်နှုန်းက လိင်ဆက်ဆံမှု ပြုနေစဉ်မှာပင် စမတ်ဖုန်းသုံးကြတယ်လို့ ဆိုပါတယ်။
အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေတယ်
စမတ်ဖုန်းကနေ ထွက်ရှိတဲ့ အပြာရောင် အလင်းတန်းက အိပ်စက်မှုကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေပါတယ်။
စမတ်ဖုန်းရဲ့ အပြာရောင် အလင်းတန်းက အိပ်ချင်စိတ် ပြေပျောက်စေတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို သက်ရောက်မှု ရှိပါတယ်။
ကားမောင်းနှင်ရာမှာ အန္တရာယ်များစေတယ်
ကားမောင်းရင်း စမတ်ဖုန်းသုံးတဲ့အခါ အသက်ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။
ဖုန်းကို အာရုံရောက်နေတာကြောင့် သတိလက်လွတ် ကားမောင်းနှင်မှုကနေ မတော်တဆမှုတွေ ဖြစ်တတ်ပါတယ်။ အမေရိကန်မှာ ပြုလုပ်တဲ့ စစ်တမ်းအရ ကားမောင်းသူ ၅၀ ရာခိုင်နှုန်းနီးပါးဟာ ကားမောင်းနေစဉ် ဖုန်းမက်ဆေ့ခ်ျ သုံးနေတတ်တယ်လို့ ဆိုပါတယ်။
စွဲလန်းမှုကြောင့် အာရုံစူးစိုက်မှု လျော့နည်းစေတယ်
လက်ထဲမှာ စမတ်ဖုန်းမရှိရင် မနေတတ်တော့တဲ့ အခြေအနေမျိုး စွဲလန်းမှု ဖြစ်စေပါတယ်။
တစ်ချိန်လုံး စမတ်ဖုန်းကိုပဲ သုံးနေချင်တဲ့ ဒီ စွဲလန်းမှုက အလုပ်ကိစ္စ အပါအဝင် အခြား အကြောင်းအရာတွေကို အာရုံစူးစိုက်မှု လျော့နည်းသွားစေပါတယ်။
စိတ်ဓာတ်ကျ စိုးရိမ်ပူပန်မှု ဖြစ်စေတယ်
စမတ်ဖုန်းကို အချိန်ပြည့်နီးပါး သုံးနေသူတွေဟာ စိတ်ဓာတ်ကျ စိုးရိမ်ပူန်မှု ပိုမို ခံစားရလေ့ရှိကြောင်း အမေရိကန်ပြည်ထောင်စု အီလီနွိုက်စ်တက္ကသိုလ်မှ စိတ်ပညာရှင်တွေရဲ့ သုတေသနက ဖော်ပြပါတယ်။
ပတ်ဝန်းကျင်နဲ့ ကင်းကွာစေတယ်
ကိုယ့်ရဲ့ စမတ်ဖုန်း screen ကိုပဲ စိတ်ဝင်တစား ကြည့်နေရင်း ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေ၊ ကိုယ့်အနီးအနားက လူတွေနဲ့ ကင်းကွာလာတတ်ပါတယ်။
သင်ယူမှုကို အနှောင့်အယှက်ဖြစ်စေတယ်
စမတ်ဖုန်းတွေက ကျောင်းသူ ကျောင်းသားတွေအတွက် လေ့လာသင့်ယူမှု ရင်းမြစ်တွေလို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ရိုက်စ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ စာသင်ခန်းထဲမှာ စမတ်ဖုန်းသုံးခြင်းကတော့ သင်ယူလေ့လာမှုအတွက် အနှောင့်အယှက် ဖြစ်စေကြောင်း တွေ့ရပါတယ်။
ရင်းရင်းနှီးနှီး စကားပြောဆိုမှုတွေ ဆိတ်သုဉ်းလာစေတယ်
စမတ်ဖုန်းတွေချည်း ကိုယ်စီ သုံးနေကြတဲ့အခါ မိတ်ဆွေအချင်းချင်း၊ မိသားစုဝင်အချင်းချင်းကြား စကားပြောဆိုမှု ဆိတ်သုဉ်းလာပါတယ်။
မိတ်ဆွေတွေ ဆုံတွေ့ကြတဲ့အခါ ရှေးဟောင်းနှောင်းဖြစ်တွေ မပြောဖြစ်ကြတော့ဘဲ ကိုယ့်စမတ်ဖုန်းသာ ကိုယ် အာရုံစိုက်နေတတ်ကြတဲ့ အခြေအနေ ဖြစ်လာပါတယ်။ မိသားစုဝင်တွေအချင်းချင်းလည်း အကြောင်းအရာ အမျိုးမျိုးကို ပြောဆိုတိုင်ပင်တာ ဆွေးနွေးတာ နည်းပါးလာပြီး စမတ်ဖုန်း ကိုယ်စီသုံးနေကြရင်း ပတ်ဝန်းကျင်မှာ စကားသံတွေ ဆိတ်သုဉ်းလာစေပါတယ်။
duwun

မှတ်ချက်များ