ကမ္ဘာပတ်ပြီး ဘီယာသောက်မည့်သူများ အလိုရှိသည်

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်အခြေစိုက် စားသောက်ဆိုင်နှင့်ဘားဆိုင်လုပ်ငန်းစုတစ်ခုသည် လေးလတာကာလ အတွင်း ကမ္ဘာတစ်ဝန်းသွားလာပြီး ဘီယာများကို မြည်းစမ်းမည့်သူများကို ရှာဖွေနေပြီဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိဘီယာချက်စက်ရုံများ၊ဘီယာပွဲတော်များသို့သွားရောက်ပြီး အစားအစာနှင့် ဘီယာများကို မြည်းစမ်းကာ မှတ်တမ်းတင်နိုင်မည့် သူသုံးဦးကို ရှာဖွေနေကြောင်း တမ်ပါမြို့မှ ဘီယာကမ္ဘာအမည်ရှိ စားသောက်ဆိုင်တစ်ဆိုင်က ထုတ်ပြန်ခဲ့သည်။

အလုပ်ခန့်အပ်ခံရသူသည် စားသောက်ခ၊ တည်းခိုခနှင့် ခရီးသွားခများ အပြင် လုပ်ခအဖြစ် ဒေါ်လာ ၁၂၀၀၀ ကိုလည်းရရှိဦးမည်ဖြစ်သည်။ ဝန်ထမ်းများသည် ၄င်းတို့၏ဘီယာမြည်းရသည့်အတွေ့အကြုံကို ကုမ္ပဏီ ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ရေးသားရမည်ဖြစ်သည်။

“ဓာတ်ပုံဆရာပဲဖြစ်ဖြစ်၊ စာရေးဆရာပဲဖြစ်ဖြစ်၊ လူမှုမီဒီယာ သမားပဲဖြစ်ဖြစ်အလုပ်ခန့်ချင်ပါတယ်၊စွန့်စားလိုသူဖြစ်ဖြစ်၊ပုံပြောကောင်းသူ
ဖြစ်ဖြစ်၊ ဘီယာရေးရာကျွမ်းကျင်သူဖြစ်ဖြစ်၊ ဘီယာကို အခုမှ စသောက်သူဖြစ်ဖြစ်၊ ဘီယာကြိုက်တယ်ဆိုရင် အလုပ်လာလျှောက်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဘီယာကမ္ဘာ၏ဝက်ဘ်ဆိုက်တွင်ရေးသားထားသည်။

အလုပ်လျှောက်ထားသူသည်အသက်၂၁ နှစ်နှင့်အထက်ဖြစ်ရမည်ဖြစ်ပြီး မတ် ၂၆ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။

Source:UPI
တမ်ပါ - Messenger News Journal

မှတ်ချက်များ