လားရှိုးမြို့ ၏ အကြီးဆုံး မူးယစ်ဆေးဝါးဖြန့် ဖြူးရေးတဲစခန်းကို စီးနင်းသိမ်းပိုက်မီးရှို့ ဖျက်ဆီး




လားရှိုးမြို့ ၏့  အကြီးဆုံး မူးယစ်ဆေးဝါးဖြန့် ဖြူးရေးစခန်းဟု ပြောနိုင်သည့် နေရာအား ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးအာင်မြတ်မိုး ကိုယ်တိုင် လိုက်ပါကြီးကြပ်ခဲ့သည့် ရဲတပ်ဖွဲ့ ဝင်များက မတ်လ (၁၃) ရက်၊ မနက် (၉) နာရီခန့် တွင် နှိမ်နင်းဖြိုခွင်းနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် အရာရှိ တစ်ဦးကမတ်လ ၁၃ရက် နေ့လယ်ပိုင်းတွင် ကမ္ဘောဇတိုင်း သတင်းဂျာနယ်သို့ပြောသည်။

" လားရှိုးမြို့ ၊ ရပ်ကွက် (၁၂) မန်နားတရုတ်သင်္ချိုင်းရဲ့  လူသူပြတ်လပ်တဲ့ တောင်စောင်း လျှိုမြောင်တွေမှာ လျှို့ ဝှက်တည်ဆောက်ထားတဲ့ မူးယစ်ဆေးဝါးဖြန့် ဖြူးရေး စခန်းကြီးမှာ စနစ်တကျ တည်ဆောက်ထားတဲ့ တဲတွေ (၁၀)လုံးမက ရှိခဲ့ပြီး အဲဒီတဲတွေထဲမှာ ဆေးထိုးအပ်တွေ တောင်ပုံရာပုံနဲ့ ရာမဆေးပြားတွေ၊ မူးယစ်ဆေးတွေ အများအပြား ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီတဲတွေကို ၀င်ရောက်စီးနင်းတဲ့အခါ မူးယစ်ဆေးဝါးသမားတွေက ကိုယ့်တဲကို မီးရှို့ ပြီး ထွက်ပြေး ခဲ့ကြ ပါတယ်။

ရဲတပ်ဖွဲ့ ဝင်တွေ က လျှို မြောင်တောကြိုအုံကြားအထိ စနစ်တကျ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီး ခဲ့တဲ့ အတွက် မူးယစ်ဆေးဝါး သုံးစွဲသူလို့ ယူဆရသူ အနည်းဆုံး (၂)ဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများ၊
ရောင်းဝယ်ဖောက်ကားသူများ အသုံးပြုတဲ့ ဆိုင်ကယ် (၁၃)စီး၊ ကားတစ်စီးတို့ ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ရဲမှူးကြီးအောင်မြတ်မိုး ကိုယ်တိုင်ဦးစီးပြီး အဲဒီမူးယစ်ဆေးဝါးဖြန့် ဖြူးးနေတဲ့ တဲစခန်းတွေကို မြေလှန်ရှင်းလင်းပြီး နောက်ဆုံးမှာ အပြီးအပိုင် မီးရှို့ ဖျက်ဆီးပစ်ခဲ့ပါတယ်" ဟု ၄င်းကပြောသည်။

နေ့သစ်မောင်
PHOTO BY – KBZT NEWS
Kanbawza Tai News Journal

မှတ်ချက်များ