ချစ်သူ ကလေးမွေးနေချိန် အခြား မိန်းမနဲ့ လက်ထပ်လိုက်တဲ့ အမျိုးသား

ရက်သတ္တပတ် အနည်းငယ်သာ ဝေးကွာနေခဲ့ချိန်မှာ အက်ဒ်ဒိုရစ်က အခြား အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံချစ်ကြိုက်ပြီး တစ်လမပြည်မီ ကာလအတွင်း လက်ထပ်ဖို့စီစဉ်ခဲ့တာကို ဟီသာတစ်ယောက် မယုံနိုင်အောာင် ဖြစ်ခဲ့တာပါ။

အက်ဒ်ဒိုရစ်နဲ့ ဟီသာ
ကိုယ်ဝန်ဆောင် ချစ်သူမိန်းကလေးက မိုင်ပေါင်း ၄,၀၀၀ အဝေးမှာ ကလေးမွေးနေချိန် သူက အခြား အမျိုးသမီးတစ်ဦးကို လက်ထပ်လိုက်တဲ့ အမျိုးသားတစ်ဦး သတင်းကြောင့် လူတွေ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ကြပါတယ်။ 

ဟီသာနဲ့ သူမရဲ့ ကလေး
ဟီသာ မာ့ခ်ဂီလီယွန် အမည်ရှိတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဟာ ဒိုမီနီကန် ရီပတ်ဘလစ်နိုင်ငံကို အလည်အပတ်သွားရင်း သူမရဲ့ ချစ်သူ အက်ဒ်ဒိုနစ် ရိုဒရီဂွက်ဇ်နဲ့ တွေ့ဆုံခဲ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦး တစ်နှစ်ကျော်ကြာ ချစ်ကြိုက်ခဲ့ကြပြီး တစ်သက်တာ အတူနေမယ်လို့ ပြင်ဆင်ခဲ့ကြပါတယ်။ 

မင်္ဂလာဝတ်စုံဖြင့် တွေ့ရသည့် အက်ဒ်ဒိုရစ်နဲ့ ဂျာမနီသူ ဂျိုလီယာ
ဒီလိုနဲ့ စကော့တလန်သူ ဟီသာမှာ ကိုယ်ဝန်ရှိလာခဲ့ပြီးနောက် ကလေးမွေးဖွားဖို့ ဗြိတိန်ကို ပြန်လာခဲ့ပါတယ်။ ဒိုမီနီကန်သား အက်ဒ်ဒိုနစ်ကတော့ ဗီဇာ မရတာကြောင့် သူ့နိုင်ငံမှာပဲ ကျန်နေခဲ့ပါတယ်။ ဟီသာက သူ့ချစ်သူ အက်ဒ်ဒိုနစ်ကို tအပြည့်အဝ ယုံကြည်ခဲ့တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ 

ကိုယ်ဝန်ဆောင် ဟီသာ
ဟီသာက အက်ဒ်ဒိုရစ်ကို ယုံကြည်ခဲ့ပေမဲ့ အက်ဒ်ဒိုရစ်အတွက်တော့ ဟီသာတစ်ယောက် အနားမှာ မရှိတော့တာက သူ့အတွက် မိန်းမတစ်ယောက်ယူဖို့ အခွင့်အရေး ရသွားတော့တာပဲ ဖြစ်ပါတယ်။ အက်ဒ်ဒိုရစ်က ဟီသာ ကလေးမွေးနေချိန်မှာ ဂျာမနီမှ လာရောက်လည်ပတ်တဲ့ အမျိုးသမီးကို လက်ထပ်ယူလိုက်ပါတော့တယ်။ 

အက်ဒ်ဒိုရစ်နဲ့ စကော့တလန်သူ ဟီသာ
ဟီသာဟာ သူမရဲ့ချစ်သူက အခြား အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်လိုက်တဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ် မက်ဆေ့ခ်ျမှတစ်ဆင့် တွေ့မြင်သိရှိခဲ့ရပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ ချစ်သူရဲ့ မင်္ဂလာပွဲဓာတ်ပုံတွေကို မြင်လိုက်ရတဲ့ ဟီသာအတွက် မယုံနိုင်စရာ ဖြစ်ခဲ့ပါတယ်။ 

မင်္ဂလာပွဲမှာ တွေ့ရတဲ့ အက်ဒ်ဒိုရစ်နဲ့ ဂျာမနီသူ ဂျိုလီယာ
သူမတို့နှစ်ဦးဟာ ရက်သတ္တပတ် အနည်းငယ်သာ ဝေးကွာနေခဲ့ချိန်မှာ အက်ဒ်ဒိုရစ်က အခြား အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံချစ်ကြိုက်ပြီး တစ်လမပြည်မီ ကာလအတွင်း လက်ထပ်ဖို့စီစဉ်ခဲ့တာကို ဟီသာတစ်ယောက် မယုံနိုင်အောာင် ဖြစ်ခဲ့တာပါ။
ပိုဆိုးတဲ့ အချက်က သူမရဲ့ချစ်သူ ဒက်ဒ်ဒိုရစ် လက်ထပ်လိုက်တဲ့ အမျိုးသမီးဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အက်ဒိုရစ်နဲ့ ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းဖြစ်ခဲ့တဲ့ ဂျူလီယာဆိုတဲ့ အမျိုးသမီးဖြစ်ကြောင်း ဟီသာ သိလိုက်ရတာပါပဲ။ 

အက်ဒ်ဒိုရစ်နဲ့ ဟီသာ
အဲဒီအချိန်ကတည်းက အက်ဒ်ဒိုရစ်နဲ့ ဟီသာတို့ အပြန်အလှန် မက်ဆေ့ခ်ျတွေ ပို့ခဲ့ကြတယ်လို့ သူမက ဆိုပါတယ်။ အက်ဒ်ဒိုရစ်က ဟီသာကို သိပ်ချစ်ကြောင်း ပြသခဲ့သလို တစ်သက်တာ အတူနေမယ်လို့လည်း ဆိုခဲ့ပေမဲ့ သူမ ကလေးမွေးနေချိန်မှာ နောက်ထပ် အမျိုးသမီးတစ်ဦးကို လက်ထပ်လိုက်တာကို အခုထက်ထိ မယုံနိုင်သေးပါဘူးလို့ ဟီသာက ဖွင့်ဟခဲ့ပါတယ်။

duwun
Source & Photo: Daily Mail, Metro

မှတ်ချက်များ