နှစ်သန်းပေါင်း ၁၀၀က မြန်မာ့ပယင်း တရုတ်သိပ္ပံပညာရှင်များရှာဖွေတွေ့ရှိ

တရုတ်ပညာရှင်များတွေ့ရှိခဲ့သည့် မြန်မာ့ပယင်း(ဓာတ်ပုံ – People Daily)
ကမ္ဘာမှာ သက်တမ်းအရင့်ဆုံးလို့ဆိုရမယ့် လွန်ခဲ့တဲ့ နှစ် သန်း၁၀၀က မြန်မာ့ပယင်းကို တရုတ်သိပ္ပံ ပညာရှင်တွေက ရှိဖွေတွေ့ရှိခဲ့တယ်လို့ People Daily သတင်းမှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ မည်သည့်အရပ်ဒေသကနေ ရှာဖွေတွေ့ရှိတယ်လို့ ရေးသားမထားပေမယ့်၊ ကူမင်းတက္ကသိုလ် ရုက္ခဗေဒဌာနမှ ပါမောက္ခ ဒေါက်တာ Gao Lizhi ကတော့ “မြန်မာပြည်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် မြန်မာ့ ပယင်းလို့ပဲ အမည်ပေးမှာပါ”လို့ဆိုပါတယ်။ ယခုတွေ့ရတဲ့ မြန်မာပယင်းဟာ Cretaceous ခေတ်ဦးက ပုံစံဖြစ်ပြီး၊ နာမည်ကျော် Fushun ပယင်း၊ ဒိုမီနီကန် ပယင်းတိုထက် စောကြောင်း တရုတ် သိပ္ပံအကယ်ဒမီမှာပြောဆိုပါတယ်။

ပယင်းထဲမှာ Cretaceous ခေတ်စောပိုင်းကာလက အင်းဆက်အမျိုးမျိုး အပင်ငယ်အမျိုးမျိုးပါ ရှိတဲ့အပြင် မှိုတွေ၊ ၀တ်မှုန်တွေကိုပါ ထိန်းသိမ်းထားတာကြောင့် သာမန်မျက်စိနဲ့ မမြင်နိုင်ဘူးလို့ သိရပါတယ်။

အခုအခါမှာတော့ ပယင်းထဲမှာရှိတဲ့ အင်းဆက်တွေနဲ့ သစ်ပင်တွေကို DNA စစ်ဆေးဖို့ သိပ္ပံပညာရှင်တွေက ပြုလုပ်နေပြီး ဒီသုတေသနပြုချက်တွေဟာ အဆိုပါကာလမှ ယခုတိုင် များစွာသော မျိုးစိတ်တို့ရဲ့ ပြောင်းလဲမှုကို ဖော်ထုတ်ပေးနိုင်လိမ့်မယ်လို့ ဒေါက်တာ Gao Lizhi ကပြောပါတယ်။တွေ့ရှိချက်တွေကို သိပ္ပံဂျာနယ်မှာ ဖော်ပြပေးမှာဖြစ်တယ်လို့သိရပါတယ်။

အဲဒီ မြန်မာ့ပယင်းထဲမှာ အပူပိုင်းဒေသက ကင်းလိပ်ချော သို့မဟုတ် ပုတ်သင်ညိုအမျိုးအနွယ် များကိုလည်း ပါဝင်နေပါတယ်။

ဧရာဝတီ

မှတ်ချက်များ