ဖုန်းစုတ်တွေကို အသုံးပြုနည်း (၄) မျိုး

 

စမတ်ဖုန်းတွေ မှိုလိုပေါလာချိန်မှာ အသုံးမဝင်တော့တဲ့ ဖုန်းစုတ်တွေကို အိမ်မှာ ဒီအတိုင်း ပစ်ထားမယ့်အစား အခြားနည်းလမ်းတွေနဲ့လည်း အသုံးပြုနိုင်တာ သင်သိပါသလား။ ဒီလိုပစ်ထားတဲ့ ဖုန်းတွေရှိတယ်ဆိုရင် ဖော်ပြပါနည်းလမ်းတွေက အသုံးဝင်ပါလိမ့်မယ်။

၁။ ရေဒီယို

 

ဒါက ဖုန်းရဲ့အစိတ်အပိုင်း အတော်များများ ပျက်စီးနေရင်တောင်မှ သုံးလို့ရနိုင်တဲ့ နည်းတစ်ခုပါ။ အိမ်မှာ ဝိုင်ဖိုင်သာ မိနေလို့ကတော့ အွန်လိုင်းရေဒီယိုတွေနဲ့ ချိတ်ဆက်ပြီး သီချင်းကောင်းလေးတွေကိုပါ နားဆင်နိုင်ပါတယ်။

၂။ e-book reader

 

အရမ်းဟန်းနေလို့ ပစ်ထားရတဲ့ စမတ်ဖုန်းဟောင်းတွေနဲ့ tablet တွေကို အသုံးချဖို့ နောက်တစ်နည်းကတော့ စာဖတ်ဖို့ပါပဲ။ ဟန်းချင်သလောက်သာဟန်းပါစေ စာဖတ်ဖို့ကတော့ အဆင်ပြေတယ်မဟုတ်လား။

၃။ သီချင်းနားထောင်

 

လူတိုင်းလိုလို ဖုန်းတွေနဲ့ သီချင်းနားထောင်ဖူးကြမှာပါ။ ဒီတော့ မသုံးတော့တဲ့ဖုန်းအဟောင်းကို စပီကာတွေနဲ့ချိတ်ပြီး သီချင်းနားထောင်လို့ရတာပေါ့။ အခန်းထဲမှာသာမက ကားထဲမှာလည်း စပီကာတွေနဲ့ချိတ်ထားပြီး သီချင်းဖွင့်ထားလို့ရပါတယ်။

၎။ နှိုးစက်

 

ဒီခေတ်ကြီးမှာ နှိုးစက်နာရီတွေကိုလည်း မသုံးကြတော့ပါဘူး။ မိမိရဲ့ဖုန်းကိုသာ နှိုးစက်အဖြစ်အသုံးပြုကြပါတယ်။ သို့ပေမဲ့လည်း အိပ်ယာဘေးမှာ ဖုန်းတွေကိုထားပြီး မအိပ်ဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားလို့ ကိုယ့်ရဲ့ဖုန်းကို ဝေးဝေးမှာထားပြီး မသုံးတော့တဲ့ ဖုန်းစုတ်လေးကိုပဲ နှိုးစက်အဖြစ် အသုံးပြုလိုက်ပါ။

Source : Internet Journal

မှတ်ချက်များ