ဖေ့စ်ဘွတ်ခ်ပို့စ်တွေကို ဘာကြောင့် အလွယ်တကူ "Like" မပေးသင့်တာလဲဆိုရင်

ဖေ့စ်ဘွတ်ခ်ပေါ်က ပို့စ်တွေ "Like" လုပ်ခြင်းက အလိုအလျောက် တုံ့ပြန်မှုတစ်ခု ဖြစ်လာပါတယ်။ အကောင့်ထဲက သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ ပို့စ် သို့မဟုတ် ပေ့ခ်ျတစ်ခုခုက တင်ထားတဲ့ ပို့စ်ကို Like လုပ်တာ register လုပ်နည်း တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်ခ်ပေါ်က ပို့စ်တွေနဲ့ ပေ့ခ်ျတွေပေါ်က "Like" ကို နှိပ်တဲ့ ဖေ့စ်ဘုတ်သုံးစွဲသူတွေဟာ ရိုက်စားလုပ်ချင်တဲ့သူကို အွန်လိုင်းမှာ လူတွေကို လိမ်လည်လှည့်စားဖို့ အထောက်အကူ ပေးလိုက်သလို ဖြစ်သွားပါတယ်။

အန္တရာယ်မရှိဘူးလို့ ယူဆရတဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က ပို့စ်တွေ "like" လုပ်ခြင်းဟာ တကယ် အန္တရာယ်များနိုင်ပြီး အွန်လိုင်းပေါ် ရိုက်စားလုပ်မယ့်သူတွေကို လူတွေရဲ့ သတင်းအချက်အလက် ခိုးယူနိုင်စေပါတယ်။ ဗိုင်းရပ်စ်တွေ ပျံ့နှံ့စေနိုင်သလို "Like" ဗုံးကြဲပေးလိုက်ခြင်းဖြင့်လည်း သတင်းအချက်အလက်အမှားတွေ ဝေငှပေးလိုက်သလို ဖြစ်သွားတတ်ပါတယ်။

ရိုက်စားလုပ်ချင်သူတွေအနေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ် အငြိုးထားတဲ့ အကြောင်းအရာတွေ တင်မှာ မဟုတ်ပါဘူး။ လူကြိုက်များပြီး လူတွေထံကနေ like တွေ၊ share တွေ တုံ့ပြန်မှုတစ်ခုခု ရစေတဲ့ဟာမျိုး ဖြစ်ဖို့များပါတယ်။

Like နဲ့ share ပိုရလေ News Feed ပိုတက်လေ ဖြစ်ပါတယ်။

ယင်းပို့စ်တွေက like နဲ့ share များများပိုရတာနဲ့ ရိုက်စားလုပ်မယ့်သူတွေက အစီအစဉ်တွေ စဆွဲကြပါလိမ့်မယ်။ ဥပမာ - ထုတ်ကုန်ပစ္စည်းတွေ ကြော်ငြာမယ် သို့မဟုတ် credit card အချက်အလက်တွေ ခိုးယူဖို့ playwall မိတ်ဆက်ပေးတာမျိုး ဖြစ်ပါတယ်။

Ref: TOI
Victor.PaaTung - Trend Myanmar

မှတ်ချက်များ