၂၀၁၆ ဒီဇင်ဘာကစပြီး ဥရောပသား မွေးကင်းစ ကလေးအားလုံး microchip ထည့်သွင်းခံရမယ်လို့သိရ


၂၀၁၆ ခုနှစ် ဒီဇင်လကပြီး ဥရောပမှာ မွေးကင်းစကလေးငယ်အားလုံး microchip ထည့်သွင်းခံရမှာ ဖြစ်ပါတယ်။ မွေးဖွားတဲ့ အချိန်ကနေ မသေမချင်း သူတို့လှုပ်ရှားမှုတိုင်း ခြေရာခံစောင့်ကြည့်ခံရမယ့် အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ 

၂၀၁၆ ခုနှစ်ကစပြီး ဥရောပတစ်ခုလုံး မွေးကင်းစကလေးတိုင်း အရေပြားအောက် RFID chip ကို မဖြစ်မနေ ထည့်သွင်းခံရမှာဖြစ်ကြောင်း မရေတွက်နိုင်တဲ့ သတင်းအရင်းအမြစ်များက ဖော်ပြထားပါတယ်။

အဆိုပါ chip ဟာ တစ်ခါသုံး ဘက်ထရီးအသေးစားတစ်ခု တပ်ဆင်ထားတဲ့ GPS ဆင်ဆာ တစ်ခုကဲ့သို့ အလုပ်လုပ်မှာ ဖြစ်ပြီး လူတိုင်း သက်ဆိုင်ရာပြည်နယ်ဆေးခန်းတစ်ခုခုမှာ ၂ နှစ်တစ်ခါ အစားထိုးလှဲလှယ် ရမှာ ဖြစ်ပါတယ်။ ၄င်းမှ ထုတ်လွင့်တဲ့ ဒေတာကို သိမ်းဆည်းပြီး အထူးပြုလုပ်ထားတဲ့ app ရှိတဲ့ tablet နဲ့ smartphone သို့ ပေးပို့မှာ ဖြစ်ပြီး မိဘများနဲ့ ဆရာဝန်များအား သူတို့ကလေးများရဲ့ ကျန်းမာရေးနဲ့ အခြေအနေ အရပ်ရပ်အားလုံး အချိန်နဲ့ တပြေးညီ စောင့်ကြည့်နိုင်စေမှာ ဖြစ်ပါတယ်။

လူအများစု မြင်တွေ့ခွင့်မရတဲ့အရာက ဒီနည်းပညာက သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ပါ။ တကယ့်အဖြစ်မှန်နဲ့ လူတွေ အသုံးပြုဖို့ Food and Drug Administration မှ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ပိုကြောက်စရာကောင်းတာက ဒီပစ္စည်းဟာ ကိုယ်ရေးကိုယ်တာ အချက်အလက်များ စုဆောင်းသိမ်းဆည်းပေးထားမှာ ဖြစ်တဲ့အပြင် ဒီ chip သေးသေးလေးက တခြား functions တွေ လိုတာထက်ပို ဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ သူ့ရဲ့ အပြည့်အဝ သိုလောင်နိုင်စွမ်းကို ဘယ်သူမှ မသိပါ။

Ref:dailylives.org
ပေါ်ထွန်း - Trend Myanmar

မှတ်ချက်များ