ရန်ကုန်တွင် ပြီးခဲ့သောနှစ်ကာလများဆီက ခြင်္သေ့တစ်ကောင်မွေးဖွားခဲ့သည်။ တိုင်းလွှတ်တော်အတွင်းမှာဖြစ်သည်။ ပြည်သူလူထုအကျိုးစီးပွားအတွက် လွှတ်တော်တွင်းကနေ အများနှင့်တစ်ယောက် တိုက်ပွဲဝင်ခဲ့သည့်အတွက် ‘‘တစ်ကောင်တည်း ခြင်္သေ့’’ဟု တင်စားခံခဲ့ရသည့် ဒေါက်တာညိုညိုသင်းဖြစ်သည်။
ပြီးခဲ့သည့်အစိုးရ ငါးနှစ်တာ သက်တမ်းအတွင်း ရန်ကုန်မြို့၏အရေးအရာများသည် လူပြော သူပြောများခဲ့သည်။ ပြည်သူလူထု ၏ ပြစ်တင်ဝေဖန်မှုများစွာရှိခဲ့ သည်။ ပွင့်လင်းမြင်သာမှုမရှိသည့် စီမံ ကိန်းများ၏ နောက်ကွယ်တွင် ဇာတ်လမ်းများရှိခဲ့သည်။ ပြည်သူ တို့၏ ကန့်ကွက်မှုကြောင့်ရပ်ဆိုင်း လိုက်ရသည်များရှိသလို ရပ်ဆိုင်း ပြီးမှ ပြန်လည်ခွင့်ပြုခဲ့သည့် စီမံ ကိန်းများလည်းရှိသည်။
ဒဂုံစီးတီးစီမံကိန်း
ရွှေတိဂုံစေတီတော်အနီး မဟာဝိဇယစေတီအနောက်ဘက် ရှိ ၂၂ ဧက အကျယ်ရှိသည့်စစ်တပ် မြေနေရာမှာ ဟောင်ကောင်၊ကိုရီး ယား၊ ဗြိတိန်လုပ်ရှင်များပူးပေါင်း ဆောင်ရွက်သည့် Marga Land- mark ကုမ္ပဏီနှင့် ပြည်တွင်းက သုခရတနာကုမ္ပဏီတို့ ပူးပေါင်း၍ ဒဂုံစီးတီးစီမံကိန်း (Dagon City 1) ကို စတင်အကောင်အထည် ဖော်မည်ဆိုသည့် သတင်းများ ၂၀၁၄ နှစ်လယ်ပိုင်းမှာ ထွက်ပေါ် ခဲ့သည်။
ယင်းသတင်းထွက်ပေါ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် ‘Save Shwedagon’ ဆိုသည့် ကြွေး ကြော်ချက်များနှင့်အတူစီမံကိန်း ကို ရပ်ဆိုင်းပေးဖို့ ပြည်သူတို့ကန့် ကွက်ဆန္ဒပြမှုများ စတင်ခဲ့သည်။ မြန်မာနိုင်ငံဗိသုကာအသင်းက လည်း ရွှေတိဂုံစေတီတော်ကြီးနှင့် သိဂုင်္တ္တရကုန်းမြေတို့နှင့်ပတ် သက်ပြီး ရေထု၊ မြေထုဆိုင်ရာတို့ ကို စနစ်တကျ သုတေသနပြုလေ့ လာရန်လိုအပ်ကြောင်း အကြံပြုခဲ့ သလို ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာလည်း ယင်း စီမံ ကိန်းနှင့်ပတ်သက်ပြီး ကန့်ကွက်မှု များရှိခဲ့သည်။
ဇွန်လ ၁၁ ရက်ကကျင်းပ သည့် တိုင်းလွှတ်တော်အစည်းအ ဝေးတွင် ရွှေတိဂုံစေတီတော်၏ မြေသားကြံ့ခိုင်မှုကို ထိခိုက်စေ သည့် အထပ်မြင့်အဆောက်အအုံ များ၊ စေတီတော်မြင်ကွင်းကွယ်စေ မည့် အဆောက်အအုံများ ကုန်း တော်ဝန်းကျင်တစ်ဝိုက် ဆောက် လုပ်ခြင်းများကို ဥပဒေအရ တား ဆီးထိန်းသိမ်းကာကွယ်နိုင်ရန် ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းသင့် ကြောင်း အဆိုကိုလည်းတင်သွင်း ခဲ့သည်။
ယင်းစီမံကိန်းကို ရပ်စဲ ကြောင်း ၂၀၁၄ ဇူလိုင် ၇ ရက်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် ပြည်ထောင်စုအစိုးရအဖွဲ့ က အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ သည်။ မြန်မာနိုင်ငံသားတို့ အ ထွတ်အမြတ်ထားရာ ရွှေတိဂုံစေ တီတော်နှင့် ရန်ကုန်မြို့တို့အပေါ် သက်ရောက်လာစေမယ့် အန္တ ရာယ်ကိုတားဆီးထိန်းချုပ်နိုင်ခဲ့ သည်။ ပြည်သူလူထု၏ အောင်ပွဲ တစ်ခုလည်းဖြစ်ခဲ့သည်။
ရန်ကုန်မြို့သစ်စီမံကိန်း
ခန့်မှန်းဧရိယာဧက သုံး သောင်းကျော်ကျယ်ဝန်းမည့် ရန် ကုန်မြို့သစ်စီမံကိန်း အကောင်အ ထည်ဖော်မှုနှင့်ပတ်သက်ပြီး၂၀၁၄ သြဂုတ် ၂၂ ရက်မှာ ရန်ကုန်မြို့ တော်ဝန်က လွှတ်တော်အတွင်း လာရောက်ပြောဆိုခဲ့သည်။ ယင်း စီမံကိန်းမှာ ပွင့်လင်းမြင်သာမှုမရှိ သည့် စီမံကိန်းဖြစ်ကြောင်း ပြည် သူလူထုကြား ပြောဆိုကန့်ကွက်မှု တွေ ပေါ်ပေါက်ခဲ့ပြီးနောက် တင် ဒါ ပြန်လည်ခေါ်ယူမည်ဆိုခြင်း၊ လွှတ်တော်သို့ အဆိုတင်သွင်း ခြင်းတွေလည်း ပြုလုပ်ခဲ့သည်။
ယင်းနောက် တိုင်းလွှတ် တော်သို့ ရန်ကုန်မြို့တော်ဝန်လာ ရောက်ပြောဆိုအပြီး ၃၄ ရက်အ ကြာမှာ စီမံကိန်းရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။ ထိုသို့ ရပ်နား ကြောင်းကြေညာခဲ့သည့် စီမံကိန်း မှာ တစ်နှစ်ခန့်အကြာ ၂၀၁၅ ဇွန် လ ၁၅ ရက်မှာတော့ ပြန်လည်အ ကောင်အထည်ဖော်ရန် တိုင်း လွှတ်တော်က လျှို့ဝှက်မဲခွဲအ တည်ပြုလိုက်ပြန်သည်။
ယင်းစီမံကိန်းနှင့်ပတ်သက် ပြီး ကန့်ကွက်မှုများရှိခဲ့သလို ထောက်ခံဆန္ဒပြမှုများလည်း ထွက်ပေါ်ခဲ့သည်။ နောက်ကွယ် က ကြိုးကိုင်လှုံ့ဆော်မှုတစ်ခုဟု လည်း ဝေဖန်ခဲ့ကြသည်။
ခုံးကျော်တံတားများ
ရန်ကုန်မြို့မှာ ၂၀၁၂ က စတင်ပြီး ကျပ်သန်းပေါင်းများစွာ ကုန်ကျသည့် ခုံးကျော်တံတားများ တည်ဆောက်ခဲ့သည်။ ကနဦး တွင် ဘုရင့်နောင်၊ ရွှေဂုံတိုင်၊ လှည်းတန်းနှင့် မြေနီကုန်းခုံးကျော် တံတားတို့ကို တည်ဆောက်ခဲ့ သည်။
ထို့နောက် ၂၀၁၅ တွင် ရှစ် မိုင်လမ်းဆုံ၊ ကုက္ကိုင်းလမ်းဆုံနှင့် တာမွေခုံးကျော်တံတား သုံးစင်း ထပ်မံတည်ဆောက်ခဲ့သည်။ ယင်း ခုံးကျော်တံတားများအတွက် ကျပ်ဘီလီယံ တစ်ရာကျော် အ ကုန်အကျခံခဲ့ရသည်။
ယင်းခုံးကျော်တံတားများ နှင့်ပတ်သက်ပြီး ယာဉ်ကြောကျပ် တည်းမှုကို ဖြေရှင်းသည့် မှန်ကန် သော နည်းလမ်းမဟုတ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့ကြသလို ခုံး ကျော်တံတားတစ်စင်းလျှင် ကျပ် သန်းတစ်ရာခန့် အလွဲသုံးစားလုပ် ခဲ့သည်ဟု မြန်မာနိုင်ငံ စာရင်းစစ် ချုပ်ရုံး၏ အစီရင်ခံစာကိုကိုးကား ပြီး ရန်ကုန်တိုင်းဒေသကြီးဘဏ္ဍာ ရေး စီမံကိန်းနှင့် စီးပွားရေးကော် မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းကပြောဆို ထားသည်။
မြကျွန်းသာနှင့် ပြည်သူ့ရင် ပြင်တို့အပါအ၀င် အများပြည်သူ အပန်းဖြေနားနေနိုင်သည့် နေရာ များကို ပုဂ္ဂလိကသို့ ငှားရမ်းလုပ် ကိုင်စေခဲ့ခြင်းများ၊ ရပ်ကွက်၊ မြို့ နယ်များအတွင်းကဘောလုံးကွင်း များပျောက်ဆုံးသွားရခြင်း၊ ပြင် လိုက်၊ ဖျက်လိုက်ဖြင့် နေ့မြင်ည ပျောက်ဖြစ်ခဲ့ရသည့် လမ်းဘေး ပလက်ဖောင်းများ၊ ကားလမ်းမ အလယ်မှ ဘလောက်တုံးများ စ သည်တို့သည် ပြီးခဲ့သည့် အစိုးရ လက်ထက်တွင် ဝေဖန်မှုများစွာခံ ခဲ့ရသည့် ဆောင်ရွက်ချက်များဖြစ် သည်။
တစ်ကောင်တည်းခြင်္သေ့
ယင်းကိစ္စရပ်များနှင့်ပတ် သက်ပြီး အထက်တွင်ဖော်ပြခဲ့ သည့် တစ်ကောင်တည်းခြင်္သေ့ ဒေါက်တာညိုညိုသင်းက လွှတ် တော်တွင်းကနေ မေးခွန်းများ၊ အဆိုများတင်သွင်းကာ ပြည်သူ့ အကျိုးကို မျက်ကွယ်ပြုခဲ့မှုများကို ဟန့်တားပေးခဲ့သည်။ ဖော်ထုတ် ပေးခဲ့သည်။ ထိုစဉ်အချိန်က တစ် ရွာလုံးနှင့်တစ်ယောက် အခြေအ နေမျိုး ကြုံတွေ့ခဲ့ရပြီး အရေးနိမ့် မှုများစွာလည်း ရှိခဲ့သည်။ ဒေါက် တာညိုညိုသင်းသည် တိုင်းအစိုးရ နှင့် လွှတ်တော်တွင်အတိုက်အခံ တစ်ဦးအဖြစ် တည်ရှိခဲ့ရသည်။
ဒေါက်တာညိုညိုသင်းသည် ၂၀၁၀ တွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကိုယ်စားပြုကာ ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ ရာမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဖြစ်လာပြီးနောက် ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်တွင်းရောက်ရှိကာ ပြည်သူ့ အကျိုးပြုအဆိုများ၊ မေးခွန်းများ မေးမြန်းခဲ့ရာမှ နာမည်ကျော်ကြား လူကြိုက်များခဲ့သူဖြစ်သည်။
‘‘လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတာဝန်ဖြစ်သည့် ဥပဒေပြု ရေးကဏ္ဍနှင့် အစိုးရ၏ လုပ်ငန်း များကို စောင့်ကြည့်စစ်ဆေးရမည့် တာဝန်များကို တိုင်းဒေသကြီး အ မတ်တစ်ဦးဖြစ်သော်လည်း အ ကောင်းဆုံး ပီပြင်စွာထမ်းရွက်ခဲ့ သည့်အတွက်’’ဟုဆိုကာ ဒေါက် တာညိုညိုသင်းကို ၂၀၁၄ ၏ 7Day News Hero ဆုရှင်အဖြစ် လည်း ဆဲဗင်းဒေးက ရွေးချယ်ခဲ့ သည်။
ဒေါက်တာညိုညိုသင်းသည် တိုင်းဒေသကြီးလွှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စား လှယ်တစ်ဦးအနေဖြင့် လွှတ် တော်အစည်းအဝေး (၁၃) ကြိမ်၌ မေးခွန်းပေါင်း ၂၀၀ ကျော် မေး မြန်းခဲ့ပြီး အဆို ၂၀ ကျော်တင် သွင်းခဲ့သည်ဟုလည်း 7Day News Hero ဆုရှင်အဖြစ် ရွေး ချယ်ရခြင်းအကြောင်းတွင် ထည့် သွင်းဖော်ပြထားသည်။
ပြည်ထောင်စုလွှတ်တော် သစ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ သစ်များနှင့်အတူ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်နှင့် အစိုးရ အဖွဲ့သစ်များလည်း ယခုအခါ စ တင်သက်ဝင်လှုပ်ရှားလာခဲ့ပြီဖြစ် သည်။ ယင်းတို့အထဲတွင် ရန်ကုန် တိုင်းလွှတ်တော်နှင့် အစိုးရအဖွဲ့ လည်း အပါအ၀င်ဖြစ်သည်။
‘‘ကျွန်တော်တို့ ရန်ကုန်တိုင်း ဟာ အခက်အခဲတွေ၊ စိန်ခေါ်မှု တွေအများကြီးရှိတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို တော့ စီးပွားရေးမြို့တော်ကြီး လည်းဖြစ်တယ်။ ကျွန်တော်တို့ဆီ မှာ ရန်ကုန်တိုင်းအတွင်းမှာ ကား ကျပ်တဲ့ပြဿနာတွေ၊ မိုးရာသီမှာ ရေကြီးရေလျှံတဲ့ ပြဿနာတွေ၊ မြို့ထဲမှာ အမှိုက်တွေစုပုံနေတဲ့ အခြေအနေတွေ၊ အလုပ်လက်မဲ့ ပြဿနာတွေ၊ ကျွန်တော်တို့တိုင်း ပြည်ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံလာ တဲ့နေရာမှာ ကြုံတွေ့နေရတဲ့ အ ခြားအခြားသော အခက်အခဲတွေ ကျွန်တော်တို့ ရန်ကုန်တိုင်းအ တွင်းမှာ အများကြီးရှိပါတယ်။ ဒီ အခြေအနေတွေအားလုံးကို ကျွန် တော်တို့ တတ်စွမ်းသရွေ့ အစွမ်း ကုန်ဖြေရှင်းပြီးတော့ ကြိုးပမ်းမှာ ပါ’’။
မတ်လ ၂၉ ရက်ကကျင်းပ သည့် ရန်ကုန်တိုင်းလွှတ်တော် အ စည်းအဝေးမှာ ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောဆိုခဲ့ သည့် စကားဖြစ်သည်။
လာမည့်သင်္ကြန်ကာလတွင် စီးပွားဖြစ်မဏ္ဍပ်များ ဆောက် လုပ်ခွင့်မပေးခြင်း၊ ကန်ပတ်လမ်း နှင့် ကမ္ဘာအေးဘုရားလမ်းတို့တွင် မဏ္ဍပ်များ ဆောက်လုပ်ခွင့်မပြု ခြင်းတို့နှင့်ပတ်သက်ပြီး ၀န်ကြီး ချုပ်ကို ဝေဖန်မှုများရှိနေသည်။ သင်္ကြန်ကာလ သရုပ်ပျက်ဝတ် စားဆင်ယင်မှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုများနှင့်ယှဉ်၍ ၀န်ကြီးချုပ် ၏ ပြောဆိုမှုကိုထောက်ခံသူများ လည်းရှိခဲ့သည်။
ယင်းသို့တားမြစ်ရခြင်းသည် ရေရှားပါးမှုပြဿနာများကို ကြို တင်ကာကွယ်ရန်နှင့် သင်္ကြန်ပွဲ တော်ကို ခုတုံးလုပ် စီးပွားဖြစ်လုပ်ကိုင်နေခြင်းတို့ကြောင့်ဖြစ် ကြောင်း ၀န်ကြီးချုပ်က မီဒီယာက နေတစ်ဆင့် ပြန်လည်ရှင်းလင်း ထားသည်။ ထိုသို့ပြောဆိုပြီး မ ကြာမီမှာပင် ၀န်ကြီးချုပ်၏ ဖေ့စ် ဘွတ်ခ်အကောင့် တိုက်ခိုက်ခံ လိုက်ရသည်။
စစ်အစိုးရလက်ထက် နေ ပြည်တော်ကို စတင်အကောင်အ ထည်ဖော်ခဲ့သည့်အချိန်ကစပြီး ရန်ကုန်သည် မျက်နှာငယ်ခဲ့ရ သည်။ ထို့နောက် အရပ်သားအစိုး ရ တက်လာသည်။ စီမံကိန်းများ၊ ကျူးပြဿနာများ၊ ပွင့်လင်းမြင် သာမှုမရှိသည့် လက်သိပ်ထိုးမှု များ၊ အမှိုက်များ၊ ရေကြီးရေလျှံ မှုများဖြင့် ရန်ကုန်သည် ပြစ်တင် ဝေဖန်ခံမြို့တော်ဖြစ်ခဲ့ရသည်။
ရန်ကုန်နှင့်မန္တလေးမြို့တော် ၀န်များ ခန့်အပ်ကြောင်းကို နိုင်ငံ တော်သမ္မတရုံးက ဧပြီ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ လိုက်သည်။ ဧပြီ ၆ ရက်တွင်တိုင်း ဒေသကြီးလွှတ်တော်၌ ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးက ကတိသစ္စာပြုခဲ့သည်။ မြို့တော် တစ်ခု စည်ပင်ဖွံ့ဖြိုးသာယာစေ ရေးအဓိက မောင်းနှင်ရမည့်သူ တစ်ဦး အစိုးရအဖွဲ့အတွင်း ၀င် ရောက်လာခြင်းဖြစ်သည်။
ပြည်သူကြားပေါက်ဖွားလာ ခဲ့သူများဖြင့် စုဖွဲ့ထားသည့် လက် ရှိတိုင်းလွှတ်တော်၊ အစိုးရအဖွဲ့ နှင့် မြို့တော်ဝန်တို့သည် ပြစ်တင် ဝေဖန်ခံ၊ ပစ်ပယ်ခံမြို့တော်အ ဖြစ် တည်ရှိခဲ့ရသည့်ရန်ကုန်ကို ပြန်လည်ကယ်တင်ပေးဖို့ အသင့် ဆုံးအဖွဲ့အစည်းများအဖြစ် ရှုမြင် မိသည်။
သို့အတွက် လက်သိပ်ထိုး စီမံကိန်းများဖြင့် မရိုးသားခဲ့သည့် ရန်ကုန်၊ ပြည်သူ့ဘဏ္ဍာမြောက် မြားစွာကို အသုံးပြုခဲ့သည့်ခုံးကျော် တံတားများကို ထမ်းပိုးထားရသည့် ရန်ကုန်၊ ကျူးပြဿနာ၊ယာဉ်ကြော ကျပ်တည်းမှု၊ အမှိုက်များ၊ ရေလျှံ မှုများဖြင့် အကျည်းတန်ခဲ့သည့် ရန်ကုန်ကို ထိရောက်စွာကယ်တင် ပေးစေလိုကြောင်း တိုက်တွန်းရေး သားလိုက်ရပါသည်။
ဂျေငြိမ်း - 7day

မှတ်ချက်များ