ထေ့တတ်ငေါ့တတ်တာ ကောင်းတဲ့ အချက် (၆) ချက်
ထေ့ပုံငေါ့ပုံတွေဟာ ဒေသတစ်ခုနဲ့ တစ်ခု ကွဲပြားပါတယ်။ သင်ပြောတဲ့ပုံက သင်ဘယ်ဒေသကလာတယ်ဆိုတာ ဖော်ပြနေပါတယ်။
၁ - ထေ့တတ်ငေါ့တတ်တာ ဦးနှောက်တွင်းကျန်မားရေးကောင်းမွန်တယ်ဆိုတဲ့ လက္ခဏာဖြစ်တယ်လို့ သုတေသနအချို့က ထောက်ပြထားပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ထေ့ငေါ့နေတာကို သတိမထားမိတာမျိုး၊ နားမလည်နိုင်တာမျိုးကတော့ ဦးနှောက်တွင်းအလုပ်လုပ်မှု မကောင်းမွန်တဲ့လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။
၂ - ထေ့တတ်တဲ့လူတွေဟာ ဟာသညဏ်ရှိတဲ့ လူတွေဖြစ်ပါတယ်။ ထေ့တတ်သူတော်တော်များများဟာ သူငယ်ချင်းအပေါင်းအသင်းတွေက သဘောကျတဲ့လူတွေ ဖြစ်ပါတယ်။
၃ - ထေ့တတ်တဲ့လူတွေက သူတို့သဘောမကျတဲ့လူတွေကို သဘောမကျကြောင်းပြောနိုင်သူတွေဖြစ်ပါတယ်။ မနှစ်သက်ကြောင်း အထေ့အငေါ့လေးနဲ့ သွယ်ဝိုက်ပြီး ပြောလိုက်တတ်တာကြောင့် ပြောခံရတဲ့လူအတွက်လည်း ပြုံးစရာ ဖြစ်ရပါတယ်။
၎ - ထေ့တတ်တဲ့လူတွေဟာ တီထွင်လိုစိတ်ရှိသူတွေ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ အခြားလူတွေနဲ့ ခွဲထွက်တဲ့ အတွေးမျိုးတွေ၊ အကြံညဏ်မျိုးတွေ ရှိပါတယ်။
၅ - တင်းမာနေတဲ့အခြေအနေမျိုးဟာ ထေ့တတ်ငေါ့တတ်တဲ့လူတွေရဲ့စကားတွေကြောင့် ပြောလျော့သွားတတ်ပါတယ်။
၆ - ထေ့ပုံငေါ့ပုံတွေဟာ ဒေသတစ်ခုနဲ့ တစ်ခု ကွဲပြားပါတယ်။ သင်ပြောတဲ့ပုံက သင်ဘယ်ဒေသကလာတယ်ဆိုတာ ဖော်ပြနေပါတယ်။
Photos & Source: Huffington
duwun

မှတ်ချက်များ