ဖုန်းပြောခအခွန်ကောက်ခံမှုကို ပြန်လည်ဆွေးနွေးသုံးသပ်


ဖုန်းပြောဆိုခအခွန် ၅ ရာခိုင်နှုန်းကောက်ခံသည့်အပေါ် သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များလေ့ လာဆန်းစစ်သုံးသပ်ရေးကော်မ ရှင်နှင့် သက်ဆိုင်ရာကော်မတီ များ၊ ဌာန၊ အဖွဲ့အစည်းများက ဆွေးနွေးသုံးသပ်နေကြောင်း သ တင်းရရှိသည်။

ဧပြီ ၁ ရက်ကစတင်ကောက် ခံသည့် ဖုန်းပြောဆိုခအခွန် ၅ ရာ ခိုင်နှုန်းကိစ္စကို ဧပြီ ၇ ရက်တွင် ပြည်သူ့ လွှတ်တော်ရေးရာ ဆောင် (I-11) အစည်းအဝေး ခန်းမ၌ ပြန်လည်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲရလဒ်များကို လွှတ် တော်နာယကထံ တင်ပြမည်ဖြစ် ကြောင်း အထက်ပါကော်မရှင် ဒုတိယဥက္ကဋ္ဌ(၁) ဦးကိုကိုနိုင်က ပြောသည်။

‘‘၅ ရာခိုင်နှုန်းကောက်နေ တဲ့အပေါ်ကို သုံးသပ်ဆွေးနွေးကြ တာပါ။ ကောက်ရင်ဘယ်လိုအ ကျိုးရှိတယ်၊ မကောက်တော့ဘူး ဆိုရင် ဘယ်လိုအကျိုးရှိမယ်ဆို တာကို သုံးသပ်ကြတာပါ။ တစ်စုံ တစ်ရာဆုံးဖြတ်ချက်ချတာမျိုးမရှိ ပါဘူး။ ဒီကဆွေးနွေးချက်တွေကို လွှတ်တော်နာယကကို တင်ပြရ မှာပါ။ ကျွန်တော်တို့က ဆုံးဖြတ် ချက်တွေချလို့မရပါဘူး။ ကုမ္ပဏီ တွေနဲ့ စာချုပ်တွေ ဘယ်လိုချုပ် ထားလဲဆိုတာကိုလည်း ဆွေးနွေး သုံးသပ်ကြတယ်’’ဟု ၎င်းက ဆိုသည်။

နိုင်ငံသားတိုင်း အခွန်ဆောင်ရမည့်အပေါ် သုံးစွဲသူများကလက်ခံကြသော်လည်း အခွန်နှစ်ထပ်ပုံစံမျိုးဖြစ်နေခြင်း၊ ၅ ရာခိုင်နှုန်းမှာ များပြားခြင်းနှင့် ကောက်ခံမည့်စနစ်မရှင်းလင်းခြင်းအပေါ် ဝေဖန်မှုများရှိနေသည်။

ထက်အာကာကျော် ၊ နန္ဒ ၊ ရန်မျိုးနိုင် - 7day

မှတ်ချက်များ