နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးချိန်တွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့အား ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်
နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးနေချိန် ကိုဇော်ဇော်လတ် နှင့် မပွင့်ဖြူလတ်တို့အား မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးက မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ၁၇/၁ နဲ့ နောက်ထပ် ၂ နှစ်ထပ်မံအမိန့်ချမှတ်ခဲ့ပါတယ် ။
၎င်းတို့သည် ပြီးခဲ့သည် ဖေဖော်ဝါရီလအတွင်းက လ၀ကပုဒ်မ ၁၃ /၁ဖြင့် ထောင်ဒဏ် ၂နှစ်ချမှတ်ခံခဲ့ရပြီး ယနေ့ ကျောင်းသားများ ပြန်လည်လွတ်မြောက်သည့်နေ့တွင် နောက်ထပ်ထောင်ဒဏ် ၂နှစ်ထပ်မံ ချမှတ်ခံရသူများဖြစ်ပါတယ်။
ဓာတ်ပုံ-ဇော်ဇော်/ မန္တလေး - ဧရာဝတီ





မှတ်ချက်များ