သင်္ကြန်တွင်း အေတီအမ်စက်များ ငွေထုတ်ယူမှု ခက်ခဲခြင်းမရှိရန် ပြင်ဆင်ထားဟုဆို


သင်္ကြန်တွင်း ပုဂ္ဂလိကဘဏ်များ၏ ATM စက်များ၌ ၂၄ နာရီပတ်လုံး ငွေထုတ်ယူနိုင်ရန် စက်များတွင် ထပ်မံငွေဖြည့်သွင်းမှု ပြုလုပ်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ပြည်တွင်း ပုဂ္ဂလိကဘဏ် ကြီးများဖြစ်သည့် ကမ္ဘောဇဘဏ် (KBZ)၊ သမ၀ါယမဘဏ် (CB)၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး လီမိ တက် (AGD) စသည့် ဘဏ်များ ၏ ATM စက်များတွင် သင်္ကြန် တွင်း ငွေထုတ်ယူခြင်းနှင့် မိုဘိုင်းဘဏ်စနစ်ဖြင့် ငွေလွှဲပို့ခြင်းများ ပြုလုပ်နိုင်ကြောင်း အသိပေးကြေ ညာထားသည်။

‘‘၂၄ နာရီပတ်လုံး ATM စက်တွေက ငွေထုတ်ယူနိုင်ဖို့ စီ စဉ်ထားတာရှိပါတယ်။ သင်္ကြန် တွင်း ယာဉ်လမ်းကြောင်းပိတ်နေ လို့ ကြန့်ကြာမှုရှိလည်း ခဏပါပဲ။ ATM စက်တွေမှာ ငွေဖြည့်သွင်းမှု တွေ ရပ်နားထားခြင်းမရှိပါဘူး’’ဟု AGD ဘဏ်၏ အကြီးတန်းအရာ ရှိတစ်ဦးက ပြောသည်။

ပုဂ္ဂလိကဘဏ်များ၏ ATM စက်များတွင် ၂၄ နာရီအပြည့် ငွေ ကြေးဝန်ဆောင်မှုပေးရန် မြန်မာ ငွေပေးချေရေး ၀န်ဆောင်မှုအဖွဲ့ (MPU)က ညွှန်ကြားထားကြောင်း ယင်းအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောသည်။

‘‘သင်္ကြန်တွင်းပိတ်မယ့် ဈေး ၀ယ်စင်တာတွေနဲ့ သင်္ကြန်မဏ္ဍပ် ဆောက်မယ့် နေရာတွေမှာရှိတဲ့ ATM စက်တွေကိုတော့ ပိတ်ထား မှာပါ။ အဲဒီစက်တွေမှာ ငွေထုတ် လို့ရမှာ မဟုတ်ပါဘူး။ စက်ဖွင့် ထားတဲ့ ATM တွေမှာတော့ ထပ် မံငွေဖြည့်သွင်းဖို့ စီစဉ်ထားပါ တယ်’’ဟု CB ဘဏ် နည်းပညာ ဌာနမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

လက်ရှိ ပြည်တွင်း၌ ATM စက်အရေအတွက် နှစ်ထောင်ခန့် ရှိပြီး MPU/ATM ကတ်အသုံးပြုသူ အရေအတွက် ဆယ်သိန်းကျော်ရှိနေကြောင်း မြန်မာငွေပေးချေရေးဝန်ဆောင်မှုအဖွဲ့က ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

ထက်အာကာကျော် - 7day

မှတ်ချက်များ