မြွေဟောက်ကိုက်ပေမယ့် သီချင်းပြီးသည်အထိ ဖျော်ဖြေပြီး အသက်ဆုံးရှုံးသွားသော အဆိုတော်



အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားက ဖျော်ဖြေပွဲတခုမှာ အမျိုးသမီး အဆိုတော်တဦးဟာ ဖျော်ဖြေနေစဉ် မြွေဟောက်ကိုက်ခံရပေမယ့် သီချင်းပြီးဆုံးအောင် သီဆိုပြီးနောက် အသက်ဆုံးရှုံးသွားပါတယ်။

ဧပြီ ၃ ရက်က မြွေတွေနဲ့ ကပြရာမှာ နာမည်ကြီးတဲ့ အိုင်မာဘူလီက သီဆိုဖျော်ဖြေဖို့ အဆိပ်မထုတ်ထားတဲ့ မြွေဟောက်ဘုရင်ကို ခေါ်ဆောင်ခဲ့ပါတယ်။

ဖျော်ဖြေနေစဉ်မှာ မြွေရဲ့ အမြီးကို နင်းမိပြီး မြွေက အိုင်မာရဲ့ ပေါင်ကို ကိုက်ခဲ့တယ်လို့ အင်ဒိုနီးရှား သတင်းတွေက ရေးပါတယ်။

မြွေကိုက်ခံရပြီးတဲ့နောက်မှာတော့ တစုံတရာ ကုသမခံဘဲ ၄၅ မိနစ်ကြာ ဖျော်ဖြေမှုကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

ဖျော်ဖြေမှုအပြီး ဆေးရုံကိုရောက်ရှိရာမှာတော့ အိုင်မာက သေဆုံးသွားတယ်လို့ ဆိုပါတယ်။

DVB

မှတ်ချက်များ