ဆေးလိပ်သောက်သူများက အလုပ်ခက်ခဲပြီး ဝင်ငွေနည်း


အမေရိကန်ပြည်ထောင်စု၊ စတန့်ဖော့ တက္ကသိုလ်ကနေပြီးတော့ ဆေးလိပ်သောက်သူများနဲ့ မသောက်သူများရဲ့ကြား သုတေသန ပြုလုပ်ခဲ့ပါတယ်။ ဆေးလေိပ်သောက်သူ ၂၀၀ ဝန်းကျင်နဲ့ ဆေးလိပ်မသောက်သူ ၂၀၀ ဝန်းကျင်ကို သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

သုတေသနဟာ တစ်နှစ်ကြာပါတယ်။ မလုပ်မရှိသေးသူများကို သုတေသနပြုလုပ်ခြင်း ဖြစ်ပြီး တစ်နှစ်ပြည့်တဲ့အခါ စစ်တမ်းပြန်ကောက်ကြည့်ပါတယ်။ ယင်းထဲမှ ၂၄ ရာခိုင်နှုန်းသော ဆေးလိပ်သောက်သူများကသာ အလုပ်ရပြီး ဆေးလိပ်လုံးဝ မသောက်တဲ့သူများမှ ၅၆ ရာခိုင်နှုန်းက အလုပ်တွေရကုန်ကြ ပါတယ်။ နောက်ထပ် လေ့လာတွေ့ရှိချက်ကတော့ ဆေးလိပ်သောက်သူများရဲ့ ဝင်ငွေဟာ မသောက်သူများထက် တစ်နာရီကို ၅ ဒေါ်လာ နည်းနေပါတယ်။ ၃၂ နာရီ လုပ်ရတဲ့ တစ်ပတ်တာနဲ့ ပျမ်းမျှရှာမယ်ဆိုရင် တစ်နှစ်မှာ အမေရိကန်ဒေါ်လာ ၈၅၀၀ ဝန်းကျင်လောက်ကို နည်းပါးနေပါတယ်။

အလုပ်ပြုတ်ပြီးတော့ အလုပ်ပြန်ရှာတဲ့ အခါမှာလည်း ဆေးလိပ်မသောက်သူများက ဆေးလိပ်သောက်သူများထက် အလုပ်ရနိုင်ချေ ၂၄ ရာခိုင်နှုန်းပိုနေတာကို မြင်တွေ့ရပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ခြင်းကို ဖြေဖျောက်ခြင်း ဖြစ်ပေမယ့် ယင်းဟာ အလုပ်ရရန် ခက်ခဲခြင်း အလုပ်ဝင်ငွေနည်းခြင်တို့နဲ့ ဆက်စပ်သလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ဥပမာ အလုပ်ချိန်အတွင်း ဆေးလိပ်ထွက်သောက်တဲ့အခါ သူသောက်တဲ အချိန်တွေကြောင့် Human Resource အချိန် တစ်ခုကုန်ဆုံးမှုကြောင့် Skill Evaluation လုပ်တဲ့အခါ ယင်းအချက်တွေဟာ အပြစ်ပြောစရာ ဖြစ်တာကြောင့်လား ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်နေ ပါတယ်။

ဒါကြောင့်မို့ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေရုံသာမက လုပ်ငန်းခွင်ဘဝကိုပါ ထိခိုက်စေကြောင်း သုတေသနအရ ပြောဆိုထား ပါတယ်။

Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ