လက်တွဲခိုင်မြဲဖို့ လျှို့ဝှက်ချက်(၈)ချက်


တစ်ခါတလေ သင့်ရှေ့မှာ ချစ်သူရည်းစားစုံတွဲတစ်တွဲဟာ စတိက်ကျောင်းသားဘ၀မှသည် အက်(၃၀)ကျာ် (၄၀)အထိလက်တွဲခိုင်ခိုင်မာမာနဲ့ ဘာကြောင့် ရေရှည်လက်တွဲလာနိုင်သလဲ … ? ဆိုတဲ့ မေးခွန်းကို သင် မေးမိပါလိမ့်မယ်။ အားကျကောင်း အားကျပါလိမ့်မယ်။ အမှန်တော့ ရေရှည်လက်တွဲနိုင်ဖို့ လျှို့ဝှက်ချက် (၈) ချက် ရှိပါတယ်။ ဒါလေးတွေကို Shwemom ပရိသတ်အတွက် မျှဝေလိုက်ပါတယ်။

(၁) အမြဲတမ်း ထိတွေ့ပတ်သက်မှု ရှိကြတယ်

ချစ်သက်တမ်း ကြာရှည်သူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း ကင်းကွာမနေပါဘူး။ ခဏခဏ တွေ့ဆုံကြတယ်။ ဒီလို တွေ့ဆုံပါများလာတော့ သံယောဇဉ်ထုထည် ပမာဏလည်း များလာပါတယ်။ ဒါက အခြေခံ သော့ချက်ဖြစ်ပါတယ်။

(၂) ပဋိပက္ခတွေကင်းရှင်းတယ် ပြဿနာတွေကို အတူရင်ဆိုင်ကျော်ဖြတ်ကြတယ်

သံယောဇဉ်ဆိုတာ နားလည်မှုပေါင်းများစွာက ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှု ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်လေ ပဋိပက္ခကင်းလေပါဘဲ။ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုလည်း အတူရင်ဆိုင်ကြပါတယ်။

(၃) ပြင်ပလူနေမှုဘ၀မှာလည်း အချင်းချင်း လေးစားကြတယ်

တစ်ယောက်ကို တစ်ယောက် လက်ရှိအရှိတရားအတိုင်း လက်ခံဖို့ အချင်းချင်း လေးစားမှု လိုအပ်ပါတယ်။ ချစ်သက်တမ်းကြာရှည်သူတွေဟာ သူတို့ချင်းဆက်ဆံရေးမှာလည်း လေးစားမှုအပြန်အလှန်ရှိပါတယ်။

(၄) အဖုအထစ်ကင်းတဲ့ ဆက်ဆံရေး

ရိုးသားမှုကို အခြေခံတည်ဆောက်ထားတဲ့ အချစ်ရေးဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ကြပါတယ်။ သံသယတွေ မရှိတဲ့အတွက် တော်ရုံ အဖုအထစ်လောက်ကတော့ ဖြေရှင်းစရာမလိုပဲ ပျောက်ကွယ်သွားလေ့ရှိပါတယ်။

(၅) မရိုးနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့ ရှိကြတယ်

ချစ်သူရည်းစားဘ၀မှာ အပွေ့အဖက်၊ အနမ်းအရှိုက်ဟာ စကားလုံးတွေထက် ပိုပြီးထိရောက်တဲ့ ရင်းနီးမှုကို ဖြစ်စေပါတယ်။ သူတို့တစ်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ရတာကို မွှေ့လျှော်ကြပါတယ်။

(၆) ပျော်ရွှင်မှုကို ရှာဖွေကြတယ်

ဥပမာအားဖြင့် ခရီးထွက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းဆိုခြင်း-စတာတွေကို အတူတကွ လုပ်ဆောင်ကြပါတယ်။ ဒါကလည်း သံယောဇဉ်ကို ခိုင်မာစေတဲ့ အရာတွေ ဖြစ်ပါတယ်။

(၇) သည်းခံခွင့်လွှတ်ကြတယ်

ဘယ်လောက်ပဲ စိတ်ဆိုးစိတ်ကောက်စရာ ဖြစ်နေပါစေ အချင်းချင်း နားလည်မှုနဲ့ ခွင့်လွှတ်ကြပါတယ်။ အရာရာကို ညှိနှိုင်းဖြေရှင်းတတ်တဲ့ အလေ့အထကြောင့်လည်း ပြဿနာ ကြီးကြီးမားမား မရှိပါဘူး။

(၈) ဦးစားပေးတယ်

သူတို့တစ်တွေဟာ တစ်ယောက်ကို တစ်ယောက် အထူးဂရုစိုက်လေ့ရှိပြီး နေရာတကာ ဦးစားပေးရကောင်းမှန်း သိပါတယ်။ ဘယ်တော့မှ အတ္တကို ရှေ့တန်းမတင်ပါဘူး။ ဒါကြောင့်လည်း ချစ်သက်တမ်းက ကြာရှည်တာပေါ့။

နတ်စည်တော် (Shwemom)

မှတ်ချက်များ