နှစ်နှစ်စာအတွက် တစ်ကြိမ်တည်းပေါင်းပြီး ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာတော့ ရုပ်ရှင်အတတ်ပညာဖန်တီးမှုပိုင်းမှာ တည်းဖြတ်ဆု၊ တေးဂီတဆုနဲ့ ဓာတ်ပုံဆုတွေကို ၂၀၁၄ နဲ့ ၂၀၁၅ နှစ်နှစ်စလုံးအတွက်သက်ဆိုင်ရာ အတတ်ပညာရှင်တွေက ဆွတ်ခူးခဲ့ကြပေမဲ့ ရုပ်ရှင်အသံဆုနဲ့ ဇာတ်ညွှန်းဆုကိုတော့၂၀၁၅ ခုနှစ်အတွက် မ
ချီးမြှင့်ခဲ့ပါဘူး။
ဒီလိုပဲ အနုပညာစွမ်းရည်တွေနဲ့ အကဲဖြတ်ပေးတဲ့ ဆုတွေထဲမှာလည်း ဒါရိုက်တာဆုကို၂၀၁၅ ခုနှစ်အတွက်သာပေးအပ်ပြီး ၂၀၁၄ ခုနှစ်အတွက်ကိုတော့ တစ်ဦးတစ်ယောက်ကိုမှမရွေးချယ်ခဲ့ပါဘူး။
ရုပ်ရှင်ဇာတ်ကားဆုကိုတော့ ၂၀၁၄ ခုနှစ်အတွက်သာ ရွေးချယ်ချီးမြှင့်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွက်တော့ဘယ် ဇာတ်ကားမှ ဆုမချိတ်နိုင်ခဲ့ပါဘူး။
တော်တော်လေးကို စတိုင်ကျကျနဲ့ ပွဲတက်လာခဲ့တဲ့ ခင်လှိုင်တစ်ယောက် သူမျှော်လင့်ထားတဲ့အကယ်ဒမီဆုကို အိမ်အပြန်သယ်မသွားနိုင်တဲ့ စိတ်မကောင်းစရာအဖြစ်အပျက်ကလွဲလို့အကောင်းဆုံးဇာတ်ပို့ဆုတွေအတွက် ဇင်ဝိုင်း၊ တက္ကသိုလ်ဂွမ်းပုံနဲ့ ဗေလုဝတို့ ရရှိသွားတာကတော့ဝမ်းသာစရာကောင်းခဲ့ပါတယ်။
ဒီအပြင်တော့ အကယ်ဒမီပေးပွဲကြီးအတွက် ထူးထူးခြားခြား ပြောစရာမရှိပေမဲ့ ပွဲတက်ဝတ်စုံဒီဇိုင်းတွေ

အကြောင်းကိုတော့ ပြောပါရစေ။
အကယ်ဒမီ သမိုင်းတစ်လျှောက်မှာ ဖက်ရှင်အဆန်းဆုံးဝတ်ကြတဲ့ နှစ်လို့တောင် ကင်ပွန်းတပ်ရမယ့်
သဘောဖြစ်နေပါတယ်။

The Myanmar Times

မှတ်ချက်များ