ဇနီးသည်ကို နှစ်တိုင်း လုပ်ပေးသင့်တဲ့ အရာ (၉) ခု
ဇနီးကောင်းတစ်ကောင်းတစ်ယောက်ကို လိုချင်တယ်ဆိုရင် ကိုယ့်ဘက်က အလိုက်သိရမှာတွေလည်း ရှိပါတယ်။
ပျော်ရွှင်ခိုင်မြဲတဲ့ အိမ်ထောင်ရေးတိုင်းမှာ အားလုံးလိုက်နာပြီး စံနမူနာ ယူသင့်တဲ့ အချက်တစ်ချို့ရှိပါတယ်။ ဒါကို လျှို့ဝှက်ချက်လို့လည်း ဆိုလို့ မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခြေခံအားဖြင့် လူတိုင်းသိထားပြီး မေ့မေ့လျော့လျော့ ဖြစ်နေတက်တာကြောင့်ပါ။
အိမ်ထောင်ရေး သက်တမ်း ကြာလေလေ ဒီအချက်တွေ လုပ်ပေးဖို့ လိုအပ်လေလေ ဆိုတာ မမေ့ပါနဲ့။
၁။ တစ်နှစ်ခါ သူနဲ့ နှစ်ယောက်တည်း ခရီးသွားပါ။
၂။ သူ့မွေးနေ့ကို ကြီးကြီးကျယ်ကျယ် မဟုတ်တောင် အထိုက်အလျောက် လုပ်ပေးပါ။
၃။ စနေ၊ တနင်္ဂနွေနေ့တွေမှာ သူမကို ခေတ္တအပြင်ထွက်ခွင့်ပေးပါ။
၎။ အဝတ်အစား သပ်သပ်ရပ်ရပ်ဝတ်ပြီး လက်မထပ်ခင်တုန်းကလို အပြင်မှာ ချိန်းတွေ့ပါ။
၅။ သင်တို့နှစ်ယောက် ပထမဆုံး တွေ့ခဲ့တဲ့ နေရာကို တစ်နှစ်တစ်ခါ ပြန်သွားပါ။
၆။ အားလပ်ရက်တွေမှာ အိမ်မှုကိစ္စတွေ ကူလုပ်ပေးပါ။ ကလေးကူထိန်းပေးပါ။
၇။ သူမနဲ့ ရှိုးပွဲတွေ သွားကြည့်ပါ။
၈။ ဟိုးအရင်းတုန်းကလို ရည်းစားစာ ပေးပါ။
Source : Life
duwun

မှတ်ချက်များ