ဒေါပုံမြို့နယ်တွင် နေအိမ်ပေါ်တက်ပြီး အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်ပွား
ဒေါပုံမြို့နယ် ယမုံနာ (၂) ရပ်ကွက် စံပယ်(၃)လမ်းတွင် ရန်ငြိုးရှိဖူးသူတစ်ဦး၏ နေအိမ်သို့ လာရောက်ကာ အုပ်စုဖွဲ့ရိုက်နှက် မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
ဧပြီ ၅ ရက် ည ၁၁ နာရီ ကျော်တွင် ဒေါ်သန်းသန်းရီ အိမ် ရှေ့သို့ အမျိုးသားလေးဦး ရောက် ရှိလာပြီး ယခင်စကားများရန်ဖြစ် သည့်အကြောင်း မကျေနပ်ဟုဆို ကာ ပြည့်ဖြိုးအောင်(ခ) ကိုဖြိုးကို အသင့်ပါလာသော ချွန်ထက် သည့်အရာဖြင့် ထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြား သည်။
‘‘အရင်ရန်ဖြစ်တဲ့ကိစ္စကို မ ကျေနပ်လို့ အိမ်ရှေ့ထိလာပြီးရှင်း ကြတယ်။ အဲဒီအိမ်မှာ ဒေါ်သန်း သန်းရီနဲ့ သားနှစ်ယောက်နေ တယ်။ အကြီးတစ်ယောက်ကို ၀ိုင်းထိုးကြိတ်နေတော့ အမေနဲ့ သားအငယ်က ၀ိုင်းဆွဲတယ်။ ၀င် ဆွဲတဲ့သူတွေကိုလည်း ထိုးတော့ ထိတယ်။ ကိုဖြိုးကတော့ စိုးရိမ်ရတယ်’’ဟု ၎င်းကပြောကြား သည်။
ဝိုင်းဝန်းထိုးကြိတ်သူများ သည် သန့်ဇင်ဦး၊ ခင်မောင်ထွန်း (ခ) ဦးပါ၊ အောင်ကြည်နှင့်ဂျိုကာ တို့လေးဦးဖြစ်ပြီး သန့်ဇင်ဦးနှင့်ခင်မောင်ထွန်း (ခ) ဦးပါတို့ကို ဖမ်းဆီးရမိထားပြီး ကျန်နှစ်ဦးသည် ထွက်ပြေးလွတ်မြောက်နေကြောင်း ဒေါပုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
‘‘နှစ်ယောက်တော့ မိထားပါ ပြီ။ ကျန်နှစ်ယောက်တော့ ထွက် ပြေးနေတယ်။ ဒဏ်ရာရတဲ့သူတွေကိုလည်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ပို့ပေးထားတယ်။ ကျန်တဲ့သူတွေကတော့ ပြတ်ရှ ဒဏ်ရာ၊ ဖူးရောင်ဒဏ်ရာတွေ လောက်တော့ ရတယ်။ စိုးရိမ်ရ တဲ့တစ်ယောက်ကတော့ ဗိုက်ကို ထိုးသွင်းဒဏ်ရာနှစ်ချက် ထိထား တယ်’’ဟု ၎င်းကပြောကြားသည်။
ပြစ်မှုကျူးလွန်သူ သန့်ဇင် ဦး၊ ခင်မောင်ထွန်း(ခ) ဦးပါ၊ အောင်ကြည်နှင့် ဂျိုကာလေးဦးတို့ကို ဒေါပုံမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၂၆/၃၂၅/၃၂၄/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဖိုးတုတ် - 7day

မှတ်ချက်များ