"မဏ္ဍပ်ဆောက်မပြီး၍ ပြသနာတက်"



ရန်ကုန်မြို့ပြည်လမ်းရှိ Overdoes မဏ္ဍပ်သည် သင်္ကြန်အကြိုနေ့ နံနက်ပိုင်းအထိ ဆောက်လုပ်ပြီးစီးခြင်းမရှိသောကြောင့်လက်မှတ်ဝယ်ယူထားသူများနှင့် ပြသနာတက်နေကြောင်း ယင်းမဏ္ဍပ်အနီးသို့ရောက်ရှိနေသော 7Day သတင်းထောက်က သတင်းပေးပို့သည်။

ယင်းမဏ္ဍပ်တွင် လက်မှတ်များဝယ်သူထားသူ ၅၀၀ခန့်က ဆောက်လက်စ မဏ္ဍပ်ပေါ်သို့တက်၍ ဆူပူမူများပြုလုပ်လျှက်ရှိသည်။

မဏ္ဍပ်တာဝန်ခံဖြစ်သူကလည်း ပုန်းရှောင်လျှက်ရှိကြောင်း ယင်းမဏ္ဍပ်တွင်လက်မှတ်ဝယ်ယူထားသူတစ်ဦးက ပြောသည်။

သင်္ကြန်ရက်အာလုံးရေကစားရန်အတွက် လက်မှတ်ခမှာ ငါးသောင်းကျပ်ပေးရကြောင်း ၎င်းကပြောသည်။

ယင်းမဏ္ဍပ်အနီးတွင် ရဲတပ်ဖွဲ့ဝင်များကလည်း စောင့်ကြည်လျှက်ရှိသည်ကို တွေ့ရသည်။

ပြည်လမ်းရှိမဏ္ဍပ်အချို့သည် နံနင်၁၁နာရီအချိန်မှစ၍ ရေကစားနေကြပြီဖြစ်သည်။

သတင်း၊ဓာတ်ပုံ - ငြိမ်းချမ်း / 7day

မှတ်ချက်များ