မွန်ပြည်နယ်တွင် သောက်သုံးရေဖြင့် ရေကစားသည့်သင်္ကြန်မဏ္ဍပ်များ စစ်ဆေးမည်


မွန်ပြည်နယ်တွင် သင်္ကြန်တွင်း ရေကစားမှုများ ကြောင့် သောက်သုံးရေ ပြတ်လပ် မှုများမရှိစေရန် သောက်သုံးရေ ဖြင့် သင်္ကြန်ရေကစားသည့်မဏ္ဍပ် များကို စစ်ဆေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရရုံးမှ သတင်း ရရှိသည်။

မွန်ပြည်နယ် ၀န်ကြီးချုပ်က သင်္ကြန်တွင်း သောက်သုံးရေ ပြတ်လပ်မှုများ မရှိစေရန်မှာကြား ခြင်းကြောင့် သက်ဆိုင်ရာ မြို့ နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ် သည်။

‘‘သင်္ကြန်ရေ ကစားလို့၊ သင်္ကြန်ရေပက်လို့ သောက်သုံးရေ ပြတ်လပ်တာမျိုးလုံးဝ မရှိစေချင် ဘူး။ သက်ဆိုင်ရာဌာနတွေက လိုက်စစ်ဆေးဖို့လိုပါတယ်။ ၀န် ကြီးချုပ်ကိုကျွန်တော်တင်ပြထား တာကတော့ နှစ်စဉ်ဆောင်ရွက် နေကျဖြစ်တဲ့ သံလွင်မြစ်က ရေ တွေနဲ့ပဲ ရေကစားမဏ္ဍပ်မှာအသုံး ပြုနေတယ်ဆိုတော့ သောက်သုံး ရေပြတ်လပ်မှုတော့ မော်လမြိုင် မှာဖြစ်မှာ မဟုတ်ဘူး’’ဟု မွန်ပြည် နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောကြားသည်။

သောက်သုံးရေ ရရှိသည့် တွင်းရေ၊ ကန်ရေများ အသုံးပြုပြီး သင်္ကြန်ရေကစားပါက စစ်ဆေးမှု သာပြုလုပ်ပြီး သက်ဆိုင်ရာဝန် ကြီးဌာနများက သတိပေးမည်ဖြစ် သော်လည်း ထိုရေဖြင့် ကစားသူ များကို အရေးယူမည် မဟုတ် ကြောင်း ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ဆိုသည်။

‘‘နယ်တွေမှာ မြစ်ရေ မရှိ တော့ ရေတွင်း၊ ရေကန်ကရတဲ့ ရေတွေနဲ့ သင်္ကြန်ရေကစားကြ တယ်။ ဒါကိုစစ်ဆေးမှုလုပ်ရင် လည်း လုပ်ပေါ့။ နှစ်တိုင်းလည်း တွင်းရေနဲ့ပဲ သင်္ကြန်ကစားတယ်’’ ဟု ပေါင်မြို့နယ်မှ ဦးစိုးကြည်က ပြောသည်။

သောက်သုံးရေ ပြတ်လပ်မှု မရှိစေရန်၊ လုံခြုံရေးစနစ်တကျ ဖြစ်စေရန်၊ ရေကစားသည့်မဏ္ဍပ် များတွင် အရက်သေစာသောက် စားခြင်း မရှိစေရန်၊ ၀န်ကြီးများ သင်္ကြန်ကာလအတွင်း ပေါင်းစပ် ညှိနှိုင်းတာဝန်ယူမှုရှိစေရန် စသည့် အချက်များကို မွန်ပြည်နယ် ၀န်ကြီးချုပ်က မှာကြားခြင်းဖြစ်ကြောင်းဗိုလ်မှူးကြီး ၀င်းနိုင်ဦးက ဆိုသည်။

မွန်ပြည်နယ်တွင် ရေကစား မဏ္ဍပ်များကို ဌာနဆိုင်ရာများက သာ တာဝန်ယူဆောင်ရွက်မည် ဖြစ်ကြောင်း၊ တစ်ပြည်လုံးမဏ္ဍပ် အရေအတွက် အတိအကျစာရင်း မရသေးကြောင်း၊ မော်လမြိုင်မြို့ တွင် သင်္ကြန်မဏ္ဍပ်ကြီး ၁၁ ခုရှိ ကြောင်း ပြည်နယ်စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူတစ် ဦးကဆိုသည်။

သန္တာလှိုင် - 7day

မှတ်ချက်များ