လတ်တလော လူကြိုက်များနေတဲ့ Descendants Of The Sun
ခဏတဖြုတ် ကြည့်လိုက်တာနဲ့ ဆက်ပြီး ကြည့်ချင်လာအောင် ဆွဲဆောင်မှုတွေနဲ့ ဖန်တီးထားတဲ့ ကိုရီးယား ဇာတ်ကားကောင်း တစ်ကားပါ။ အပိုင်းဆက်တွေ အများကြီးနဲ့မို့ ကြည့်ရတာ ငြီးငွေ့မယ်တော့ မထင်လိုက်ပါနဲ့။ ဇာတ်ကား တစ်ကားလုံးဟာ အလွန်မှ ကြည့်လို့ ကောင်းပါတယ်။
ခပ်ချောချော မင်းသားနဲ့ မင်းသမီး နှစ်ယောက်က သရုပ်ဆောင်ထားပြီး တစ်ယောက်က ဆရာဝန် တစ်ယောက်က စစ်သား စတဲ့ ဇာတ်ဆောင် ပုံစုံတွေနဲ့ မြင်တွေ့ရပါလိမ့်မယ်။ အလွမ်းတွေ၊ အဆွေးတွေ၊ ပျော်ရွှင်မူတွေ၊ ကျေနပ် ပီတိမူတွေနဲ့ ဇတ်ကားကို ဖန်တီးထားပါတယ်။
ဇာတ်ကားကို ကြည့်ပြီးသွားတဲ့ သူတွေကတော့ ဇာတ်ကားရဲ့ အနှစ်သာရ လေးတွေကို သိရှိခံစားပြီးပြီလို့ ထင်ပါတယ်။ ခုလတ်တစ်လော လူမူကွန်ရက် စာမျက်နှာတွေ ပေါ်မှာလည်း နာမည်ကြီးနေတဲ့ ဇာတ်ကားလေး ဆိုလည်း မှားမယ် မထင်ပါဘူး။
ကျော်လင်းနိုင် (ရိုးရာလေး)







မှတ်ချက်များ