Google ကို EU တရားစွဲပြီ
Google ဟာ သူတို့ရဲ့ Android operating system ကိုရောင်းချရာမှာ လက်ဝါးကြီးအုပ် ရောင်းချခဲ့လို့ ဥရောပ သမဂ္ဂ ဈေးပြိုင် ရောင်းချတဲ့ ဥပဒေကို ချိုးဖောက်မှုနဲ့ ဥရောပသမဂ္ဂ က တရားစွဲဆို လိုက်ပါတယ်။
ကမ္ဘာမှာ သုံးနေတဲ့ စမတ်ဖုန်း ၈ဝ ရာခိုင်နှုန်းမှာ Android operating system ကို အသုံးပြု ကြတာ ဖြစ်ပါတယ်။
Google က ဖုန်းနဲ့ ကွန်ပျုတာတွေမှာ သူတို့ရဲ့ ကိုယ်ပိုင် app တွေကို အစ ကတည်းက ထည့်သွင်း ရောင်းချပြီး ဈေးကွက်ကို လက်ဝါးကြီးအုပ် ထားတယ်လို့ ဥရောပ ကော်မရှင်က ပြောပါတယ်။
ဒီလိုလုပ်တာဟာ အသုံးပြုသူတွေ အနေနဲ့ တခြားရွေးချယ်ခွင့် မရစေသလို တီထွင် ဆန်းသစ်မှုတွေ ကိုလည်း ဟန့်တားရာ ရောက်တယ်လို့ အီးယူက ပြောပါတယ်။
Google ဒီအမှုမှာရှုံးရင် ဒဏ်ငွေ အများကြီး ရိုက်ခံရ နိုင်ပါတယ်။
BBC Burmese

မှတ်ချက်များ