အသက် ၂၁နှစ်အရွယ် Anastasiya Kvito ဆိုတဲ့ ရုရှားမော်ဒယ်လ်တစ်ယောက်ဟာ အင်စတာဂရမ်ပေါ်မှာ follower2.6သန်းရှိပြီး Kim Kardashianနဲ့တူတယ်ဆိုပြီးနာမည်ကြီးနေခဲ့ပါတယ်။ သူမရဲ့ဖွံ့ထွားလှတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် နာမည်ကြီးလာတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် သူမကို ဝိတ်လျော့ဖို့ပြောတဲ့သူတွေလည်းရှိခဲ့ပါတယ်။ ပထမဆုံးသူမ မိုင်ယာမီကိုပြောင်းရွှေ့တုန်းက မော်ဒယ်အေဂျင်စီတစ်ခုက သူမကိုဝိတ်လျော့ဖို့ပြောခဲ့ပါတယ်။ ဒါပေမယ့် Anastasiyaကတော့ ဝိတ်လျော့ဖို့ ငြင်းပယ်ခဲ့ပါတယ်။
ရုရှားမီဒီယာတစ်ခုကသူမကို”အမရဲ့ကျော်ကြားမှုလျှို့ဝှက်ချက်လေးကိုပြောပါအုံးလို့”မေးခဲ့ရာမှာ သူမက “ကျွန်မရဲ့ မိန်းမသားပီသတဲ့ ပုံစံကြောင့်ဖြစ်မယ်ထင်တယ်”လို့ ပြန်ဖြေခဲ့ပါတယ်။
“ကျွန်မကို ဘာလို့ Kim Kardashianနဲ့ ခိုင်းနှိုင်းတာလဲမသိပါဘူး။ သူတို့သာသာ သူတို့ပြောချင်ရာပြောပြီး ခိုင်းနှိုင်းနေကြတာပါ။ ကျွန်မ၁၇နှစ်အရွယ်က နာမည်ကျော် ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ anvar Norovက ဓာတ်ပုံရိုက်ပေးခဲ့ပြီး အဲ့ဒိအချိန်ကတည်းက လူတွေကျွန်မကို သတိထားမိခဲ့ကြပါတယ်။ ဒါ့ကြောင့် ကျွန်မမော်ဒယ်လ်တစ်ယောက်အဖြစ် ဆက်ပြီးရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တာပါ။”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
သူမကို Kim Kardashian လိုနာမည်ကြီးလာမယ်လို့ ထင်လားလို့မီဒီယာကမေးခဲ့ရာမှာတော့ “ဒါပေါ့ ကျွန်မဓာတ်ပုံဆရာတွေဆီက ကမ်းလှမ်းမှုတွေ ဒီလောက်ရနေတာ အဲ့ဒိလိုအောင်မြင်ဖို့က သိပ်မလိုတော့ဘူးလေ။”လို့ဖြေခဲ့ပါတယ်။
သူမဟာ ရင်သားခွဲစိတ်ခံထားတယ်လို့ နာမည်ကြီးပေမယ့် သူမကတော့ သူမရဲ့အလှဟာ သဘာဝအလှဖြစ်ပြီးဘာမှခွဲစိတ်ထားခြင်းမရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
သူမရဲ့ခန္ဓာကိုယ်အရွယ်အစားကတော့ တင် ရင် ၃၇.၄လက်မ၊ခါး ၂၄.၈လက်မ၊ တင် ၄၁.၃လက်မဖြစ်ပါတယ်။
“ကျွန်မရဲ့ခန္ဓာကိုယ်က ဘယ်အရာကိုမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ကျွန်မသဘာဝတရားကိုပဲ မြတ်နိုးပါတယ်။
ဒါပေမယ့် ပလပ်စတစ်ဆာဂျူရီကိုလည်း အဆိုးမမြင်ပါဘူး။ ကျွန်မကတော့ ကျွန်မကိုယ်ကျွန်မပြည့်စုံတယ်လို့ထင်တယ်။ ဘာကိုမှ မပြောင်းလဲချင်ပါဘူး”လို့ဆိုခဲ့ပါတယ်။
Source: thesun.co.uk
shwemom



မှတ်ချက်များ