စစ်သွေးကြွများ၏ အရေးကြီး သတင်းများကို ပေးပို့နိုင်ရန်အတွက် ရုရှားအမျိုးသမီး သူလျှိုတစ်ဦးက ISIS ကွန်ရက်သို့ ထိုးဖောက်
စစ်သွေးကြွ များ၏ အရေးကြီး သတင်း အချက်အလက် များကို ရုရှားအစိုးရ ထံသို့ ပေးပို့နိုင်ရန် အတွက် ရုရှား အမျိုးသမီး သူလျှို တစ်ဦးသည် ISIS စစ်သွေးကြွ အဖွဲ့၏ ကွန်ရက်အတွင်း သို့ ထိုးဖောက် ၀င်ရောက်ခဲ့ကြောင်း မေ ၁၀ ရက် ထုတ်ပြန်ချက် အရ သိရသည်။
အယ်လ်ဗီးရာ ကာရာအီဗာ ဟု ဖော်ပြထားသည့် ရုရှား အမျိုးသမီး သူလျှိုသည် ISIS စစ်သွေးကြွ များနှင့်အတူ လေးနှစ်ကြာ ပူးပေါင်းခဲ့ပြီး ယင်း ကာလအတွင်း စစ်သွေးကြွ များ၏ အရေးကြီးသည့် အဓိက နေရာများ ဖြစ်သည့် နေအိမ်များ၊ လျှို့ဝှက် စခန်းများ နှင့် ကော့ကေးဆပ် ဒေသအတွင်း ဂျီဟတ် စစ်ပွဲဆင်နွှဲ နေသည့် ၄င်းအဖွဲ့၏ အသေးစိတ် အချက်အလက် များကို ရုရှားအစိုးရ ထံသို့ ပေးပို့ခဲ့ကြောင်း FOX News သတင်းဌာနက ထုတ်ပြန် ထားသည်။
၎င်း၏ သတင်းပေးပို့ မှုကြောင့် ဒေသတွင်းရှိ ISIS စစ်သွေးကြွ အများအပြားမှာ တန်ပြန် တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။
ISIS စစ်သွေးကြွ များသည် နောက်ပိုင်းတွင် ကာရာအီဗာ ၏ လုပ်ဆောင်ချက်များ အပေါ် သံသယ ဖြစ်လာပြီးနောက် ၄င်းအား ခေါ်ယူစစ်ဆေး ခဲ့သော်လည်း ၄င်းက စစ်ဆေး မေးမြန်းခြင်းကို လုပ်ကြံ လီဆယ်၍ ဖြေကြား ခဲ့ကြောင်း၊ နောက်ဆုံးတွင် ISIS စစ်သွေးကြွ များက ရေဒီယိုမှ တစ်ဆင့် ၄င်းနှင့် ရုရှား ထောက်လှမ်းရေး အေဂျင်စီ (FSB) တို့၏ ပြောကြားချက် များကို လက်ပူးလက်ကြပ် ဖော်ထုတ် နိုင်ခဲ့ကြောင်း စစ်သွေးကြွ များက ထုတ်ပြန်သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် သူလျှိုလုပ်ဆောင် ခဲ့သည့် ကာရာအီဗာ အား ISIS စစ်သွေးကြွ များက သတ်ဖြတ်ခဲ့ကြောင်း နှင့် ၄င်းသည် စစ်သွေးကြွ များနှင့်ပူးပေါင်း လုပ်ဆောင်စဉ် အဘူမူဆလင် အမည်ရှိ ISIS စစ်သွေးကြွ တစ်ဦးနှင့် လက်ထပ် ခဲ့ကြောင်း သိရသည်။
PyiChitThar

မှတ်ချက်များ